Monday, April 30, 2012

ဆရာတော် ဘဒ္ဒ န္တ စန္ဒြမဏိ ၏ အတ္ထုပ္ပုတ္တိအကျဉ်း

သာ့သနာ့အာဇာနီလောင်းလျာ သူငယ်ကို ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မြောက်ဦးမြို့နယ် ပေါက်ပင်ကွင်းကျေးရွာ၌ ခမည်းတော် ဦးကျော်အောင်နှင့် မယ်တော် ဒေါ်မိဝင်ယေ ရို့မှ
၁၈၇၅ ခုနှစ်၊ မေလ (၂၅) ရက်၊ ၁၂၃၇ ခုနှစ်၊ ကဆုန်လပြည့်ကျော်(၁)ရက် အင်္ဂါနိန့်တွင် မီးရှူးသန့်စင် ဖွားမြင်တော်မူခသည်။
မွီးချင်းသုံးဦးအနက် ဆရာတော်သည် အကြီးဆုံး သားကြီးသြရသဖြစ်သည်။ အသက်(၁၂)နှစ် အရွယ်တွင် ဘာကြီးတော်စပ်သူ ဆရာတော် ဘဒ္ဒန္တစန္ဒိမာ (စန္ဒိယာရာမကျောင်း၊စစ်တွေ) ထံပါးတွင် သျှင်သာမဏေဘဝဖြင့် ပိဋကတ်စာပီများကို သင်ယူခသည်။ ထိုနောက် မော်လမြိုင်မြို့ ကဒိုးကောဝှပ်ကျောင်း၊ မန္တလေးမြတောင်တိုက်၊ ပတ္တမြားတိုက်၊ ခင်မကန်တိုက်နှင့်၊ ဝိသုဒ္ဒါရုံကျောင်းတိုက် ဆရတော်ဘုရားများထံတွင် ပိဋကတ်ကျမ်းကန်များကို နှံ့နှံ့စပ်စပ် သင်ယူလေ့လာခသည်။

သီရိလင်္ကာနိုင်ငံသား အသျှင်အနာဂါရိယဓမ္မပါလ၏ ပင့်ဖိတ်ချက်အရ သျှင်သာမဏေဘဝဖြင့်ပင် ၁၈၉၀ ခုနှစ်၊ နိုဝင်ဘာလ (တန်ဆောင်မုန်းလ)တွင် အစိုးရအရာဟိ ဦးသာဒိုးဝေနှင့် ပြည်တွင်းအခွန်အရာဟိတဦး လိုက်ပါပို့ဆောင်၍ အိန္ဒယနိုင်ငံသို့ ရောက်ဟိလာခသည်။ ထိုနောက် ရည်မှန်းချက်ကြီးမားစွာဖြင့် ဟန္ဒီ၊ သက္ကစသော ဘာသန္တရစာပီများကို အားကြိုးမာန်တက် လေ့လာသင်ယူခပြီး ၁၂၆၉ ခုနှစ်၊ တပို့လဆန်း (၉)ရက်နိန့်တွင် ကုန်သည်ကြီး ဦးရွှေစားဦး ဒေါ်မိချမ်းရို့၏ ပစ္စယာနုဂ္ဂဟရို့ဖြင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ပန်းဝါမြို့တွင် ရဟန်းအဖြစ်သို့ ရောက်ဟိတော်မူခသည်။

ဆရာတော်ဘုရား၏ တသက်တာ အံ့ချီးဖွယ်ရာ သာသနာပြု (ပရဟိတလုပ်ငန်း)များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

٭ ဗုဒ္ဓဘာသာ လုံလုံးလျားလျား ကွယ်ပျောက်နီခသော မိဇ္ဈိမဒေသ အိန္ဒိနိုင်ငံ၌ အခက်ခဲ့ပေါင်းများစွာကို ရင်ဆိုင်လျက် ဘ၀တစ်ခုလုံးကို နစ်မြုပ်ကာ သာသနာပြုတော်မူခသည်။

٭ ရတနာဂီရိတွင် သီပေါမင်းကြီးနှင့် အိန္ဒိနိုင်ငံ၌ သာသနာရေးကိစ္စများကို အကြိမ်ကြိမ် ဆွေးနွေးတော်မူခသည်။

٭ သံဝေဇနိယဌာနများတွင် အမြော်အမြင်ကြီးမားစွာဖြင့် မြန်မာဘုန်းတော်
ကြီးကျောင်းများကိုတည်ဆောက်တော်မူခသည်။

٭ ကုသိနာရုံတွင် ဒေသခံများအတွက် အခြေခံပညာမူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းနှင့် ဗုဒ္ဓဒီဂရီ ကောလိပ်ရို့ကို ဖွင့်ပီးခပြီး အခမဲ့ ဆီးပီးခန်းများကိုလည်း ဖွင့်ပီးခသည်။

٭ ဓမ္မပဒ၊ မဟာသတိပဌာနသုတ်၊ အနတ္တလက္ခဏာသုတ်နှင့် သိဂိ င်္တိသုတ်ရို့ကို ဟိန္ဒီဘာသာသို့လည်းကောင်း၊ ”သောရောဒယ”နှင့်”အဉ္ဇနနိဒါန်း အမည်ဟိ စာအုပ်
ရို့ကို သက္ကတဘာသာမှ မြန်မာဘာသာသို့လည်းလောင်း၊ ဒေသခံများ သာသနာပြုရာ
တွင် လွယ်ကူချောမွိ့စီရန် အခြားစာ အုပ်များကို ဟိန္ဒီဘာသာသို့လည်းကောင်း ပြန်
ဆိုရွီးသားတော်မူခသည်။

٭ ဘိက္ခုသစ္စ၀ံသ၊ စာပီပညာသျှင်ဒေါက်တာရာဟုလာသံကိစ္စည်း၊ ဒေါက်တာ ဗုဒ္ဓရက္ခိတ၊ ဘိက္ခုကဿပ(ယ္ခုနာလန္ဒာတက္ကသိုလ်၏ဖေါင်ဒါ)၊ ဘိက္ခုအာနန္ဒာကောသလ္လ၊
ဘိက္ခု အဉ္ဇုတာနန္ဒနှင့် ဘိက္ခုပညာဝံသစသော အိန္ဒိယနိုင်ငံသား ပညာတတ်တပည့်
ရဟန်းတော်များ မွီးထုပ်ပီးခပါသည်။

٭ မြန်မာနိုင်ငံတွင်ကျင်းပသော ဆဋ္ဌသင်္ဂါယနာတင်ပွဲသို့ အိန္ဒိယရဟန်းတော် များ၏ကိုယ်စား ကြွရောက်တော်မူခပြီး၊ ၁၉၅၅-ခုနှစ်တွင် ခတ္တမန္ဒူမြို့၌ နီပေါ ဘုရင်မင်းမြတ် ဦးဆောင် ကျင်းပခသော ကမ္ဘာ့ဗုဒ္ဓဘာသာ အစည်းအဝေးသို့လည်းတက်ရောက်တော်မူခသည်။

٭ ၁၉၅၆-ခုနှစ်၊ အောက်တိုဘာလ ၁၄-ရက်နိ့တွင် အိန္ဒိယနိုင်ငံ ဗဟိုတရား ရေးရာဝန်ကြီး ဒေါက်တာ အမ္ဗေဒကာ အပါအ၀င် အိန္ဒိယနိုင်ငံသား ဟိန္ဒူဘာသာဝင် ၆- သိန်းကျော်ရို့အား အိန္ဒိယနိုင်ငံ နာဂပူမြို့၌ဗုဒ္ဓဘာသာအဖြစ်သို့ သွင်းပီးတော်မူခရေအတွက် ဗုဒ္ဓဘာသာဝင်များနှင့် ဗုဒ္ဓဘာသာကို စိတ်ဝင်စားသူ ကမ္ဘာသူ ကမ္ဘာသားများ၏ အံ့ချီးထောပနာပြုမှုများကို အကြီးအကျယ်ရဟိ တော်မူခသည်။

ဤမျှကြီးကျယ်သော သာသနာပြုလုပ်ငန်းများ ပရဟိတလုပ်ငန်းများကို ဆောင်ရွက်တော်မူခသော ကမ္ဘာ့သာသနာပြုဆရာတော် ဘဒ္ဒန္တစန္ဒြမဏိ မဟာထေရ်မြတ်သည် ၁၉၇၂ ခုနှစ်၊ မေလ (ဂ)ရက်နိ့တွင် အိန္ဒိယနိုင်ငံ ယူပီပြည်နယ် ကုသိနာရုံမြန်မာ ကျောင်းတိုက်၌ ဘဝနတ်ထံ ပျံလွန်တော်မူခပါသည်။ ဆရာတော်ဘုရားပျံလွန်တော် မူခြင်းကြောင့် နိုင်ငံပေါင်း (၃၂) နိုင်ငံမှ ၀မ်းနည်းကြောင်းသ၀ဏ်လွှာများ၊ ကြီးနန်းစာဖြင့် (၅၆၉)စောင်နှင့်၊ လက်ရေးမူဖြင့် (၇၀၉)စောင်ရို့ကို ပို့ပီးခကတ်ပါသည်။

ထို (၁၂၇၈)စောင်သော ၀မ်းနည်းမှုသ၀ဏ်လွှာများရောက်ဟိလာခြင်းက ဆရာ
တော်ဘုရားကြီးအား ကမ္ဘာကမည်ရွှေ့မည်မျှလေးစားကြည်ညိုကြသည်၊ မည်ရွှေ့မည်မျှ
တန်ဖိုးထားကြသည်ကို သက်သီသာဓက မီးမောင်းထိုးပြခြင်းပင်ဖြစ်ပါသည်။
-----------------------------------------------------------
ဝန်ခံချက် ။ ။ ဦးစန္ဒြမဏိကျောင်းသားများ သာရေးနာရေးအသင်း (CSWA) မှရွီးသားတင်ပြချက်ကို ပြန်ကူးပနာ ရခိုင်ပိုင်တတ်နိုင်သလောက်ပြန်ဆိုထားပါသည်။

စာပီသတ္တိ ငါ့ရို့သိဖို့၊ စာပီအသိ ငါရို့ရှိဖို့

ရခိုင့်စာပီဆိုစွာ
အတိတ်က ဖြစ်ပျက်ခရေ အရာတိကို အကျဉ်းကျမခံပဲ အနာဂါတ်မှာ ဆက်လက်သန်းဖို့ ရခိုင်လူမျိုးတိတွက် အားသစ်ဆင်ထားရေ အကောင်ရာဖြစ်တေ။
ရခိုင့်စာပီဆိုစွာ
ပပျောက်ဆုံးနိန်ရေ စာပီ၏တန်ဖို့ကို ကိုယ့်ပကတိ စာပီ၏ရုပ်သွင်ဖြစ်ဖို့တွက် ဝတီလေးရပ် ရခိုင်မြတ်ရို့ စည်းရုံညီညွန့်မှုနန့် ဟိဆက်ဂါတ်ဖို့စွာကို မျှော်လင်းတောင်းတနိန်ရေ အကောင်ရာဖြစ်တေ။
.ရခိုင့်စာပီစွာ
ရခိုင်လူမျိုးတိ ဇာချိန် ဇာခါ ဇာနိန်ရမှာမဆို ရခိုင့်လူမျိုး၏ ယိုင်ကျေးမှုနန့် အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားလာမှုကို ဦးဆောင်နိန်ရေ အကောင်ရာဖြစ်တေ။
ရခိုင့်စာပီဆိုစွာ
ရခိုင်လူမျိုး၏ အတက်အကျ နိန့်ကျမှု မြင့်မားမှု လောကဓမ္မသဘာဝ တရားတိုင်း ကြမ်းတမ်းမှု၏ ရိုက်ချက်သံချေတိကို စိုင်လာဆက်ဆက် အပြုံမပျက် လက်ခံတတ်တေ အကောင်ရာဖြစ်တေ။
ရခိုင့်စာပီဆိုစွာ
လူတစ်ဦးတစ်ယောက်ကို တုန့်ပြန်မှု ပီစပ်မှုကို မမျှော်လင်းဘဲ ရက်ရောစွာ ပီးကမ်းတတ်သူအနိန်နန့် အချုပ်အရှည်ဟူသမျှကိုလည်း အမြဲတမ်း တော်လှန်တတ်တေ အကောင်ရာဖြစ်တေ။
ရခိုင့်စာပီဆိုစွာ
အဟောင်းအသစ်တိကြား သံသရာစက်ရဟတ်၏ ကြမ်းတမ်းမှုဒါဏ်ကိုလည်း ရခိုင်လူမျိုးတိနန့်အတူ မရပ်မနား စာပီ၏ဇွဲနန့် စိုးရိမ်ကင်းစွာ ခရီဆက်တတ်တေ အကောင်ရာဖြစ်တေ။
ရခိုင့်စာပီဆိုစွာ
လီဟုန်စီးပြီးကေ ကောင်ကင်အာကာထက်မှာ ငှက်ချေတိပိုင် ပျံသန်းနိုင်ရေ အကောင်မဟုတ်
ရခိုင်လူမျိုးရို့၏ အမြတ်ဆုံးရတာနာအဖြစ် မြတ်နိုးလေးမှုကို ခံနိန်ရေအကောင်ရာဖြစ်တေ။
ရခိုင့်စာပီဆိုစွာ
ရခိုင်လူမျိုး၏ ယိုင်ကျေးမှု ဓလေ့ထုံးတန်းအစိုင်အလာတိကို မြင့်တင်ဖို့ ဥာဏ်ပညာအမြင်တိ ရခိုင်တစ်မျိုးသားလုံး ရင်ခွင်မှာ ဟှင်သန်လာဖို့ စီးပွာားရေးနန့် လူ့အဆင့်တန်း မြင့်မားလာမှုတာဝန်ကို ထမ်းဆောင်နိန်ရေ အကောင်ရာဖြစ်တေ။
ရခိုင့်စာပီဆိုစွာ
မှောင်မှိုက်နိန်ရေ အရာတိမှာ အလင်းရောင်ရောက်အောင် အောင်မြင်နိုင်သူဖြစ် သူတစ်ယောက်တည်း အံတုန့်နိုင်ရေကောင်မျိုးမဟုတ် မှောင်မိုက်ကျနိန်ရေ နိန်ရာတိမှာ အလင်းချေတိ ဟှင်သန်ဖို့တွက် ရခိုင်လူမျိုးဘက်က ရပ်တည်ပီနိန်ရေ အကောင်ရာဖြစ်တေ။
သို့အတွက်ကြောင်း ရခိုင့်စာပီစွာ ရခိုင်လူမျိုးရို့၏ ခံစားချက်ကို ရာခိုင်နူန်းအပြည့် ပေါ်ပြပီးနိုင်ရေ အကောင်ဖြစ်လို့ ရခိုင့်ဘာသာစကားကို အသက်သွီးနန့် ရင်းပြီးကေ လေးစားမြတ်နိုးသင့်လို့ ရခိုင့်စာပီဆိုစွာရေ ရခိုင်လူမျိုး၏ ထာဝရပဲ့ကိုင် အရှင်သခင်ရာဖြစ်တေ။
မျိုးချစ်သူရဲကောင်းကြီးတယောက်အကြာင်း

ရခိုင်ပြည်တပ်မတော်
စစ်ဦးစီချုပ် ဗိုလ်ရာဇာကို အိန္ဒိယ စစ်တပ်က အန်တမန်ကျွန်းမှာ ၁၉၉၈ ခုနှစ်
ဖေဖေါ်ဝါရီ လ ၁၁ ရက်နိ့က လုပ်ကြံသတ်ဖြတ်လိုက်တေအတွက် အခုနှစ် ဖေဖေါ်ဝါရီလ ၁၁
ရက်နိ့ဆိုကေ ဗိုလ်ရာဇာ ကျဆုံးလားစွာ နှစ်ပေါင်း ၁၂ နှစ်ပြည့်မြောက်ရေနိ့
ဖြစ်ပါရေ။ ဗိုလ်ရာဇာစွာ တိုင်းပြည်နန့် လူမျိုး လွတ် မြောက်ရေးအတွက်
ကိုယ်ကျိုးစွန့် ကြိုးပမ်းလုပ်ဆောင်နိန်ချိန်မှာ အဂုပိုင် အိန္ဒိယစစ်တပ်၏ လုပ်ကြံသတ်ဖြတ်မှုကို ခံလိုက်ရစွာဖြစ်ပါရေ။ ယင်းပိုင် ခေါင်းဆောင်တဦး
ကျဆုံးလားရခြင်းက ရခိုင် တော်လှန်ရေး လမ်းကြောင်းမှာ ကြီးမားရေ ဆုံးယှုံးးမှုကြီးတစ်ရပ်ဖြစ်ရေပိုင် ရခိုင်တမျိုးသားလုံးအတွက် အစားထိုးမရနိုင်ရေ
ဆုံးယှုံးမှုကြီးတရပ် လည်း ဖြစ်ပါရေ။ ယင်းကြောင့် ဗိုလ်ရာဇာစွာ ဇာပိုင်ဂေါင်းဆောင်မျိုးလဲ။ သူ၏စိတ်နီသဘောထားတိက ဇာပိုင်ဟိရေလဲဆိုစွာကို သိဟိနိုင်အောင် ဗိုလ်ရာဇာနန့် ညီအစ်ကိုတော်စပ်သူ တော်လှန်ရေး
လုပ်ဖေါ်ကိုင်ဖက် တစ်ဦးလည်းဖြစ်ရေ ကိုလင်းခိုင်ကို ကိုမောင်အေးက တွိ့ဆုံပြီး အဂုပိုင် မိန်းမြန်းထားပါရေ။

မိန်း။ ကိုလင်းခိုင်အနီနန့် ဗိုလ်ရာဇာ၏
ကိုယ်ရေးရာဇ၀င်အကြောင်းကို ပထမ ပြောပြပီးပါလား။

ဖြေ။ ဗိုလ်ရာဇာစွာ မင်းပြားမြို့နယ်
ရွှေချောင်းကျေးရွာဇာတိ ဖြစ်ပါရေ။ သူ၏ဖခင်က ဦးသာမြအောင်၊ မိခင်က
ဒေါ်ကြာစိန်မေ (သို့) ဒေါ်ကြာစိန်ဖြူ ဖြစ်ပါရေ။ သားသမီး ၇ ယောက်အနက်
တတိယမြောက် သားဖြစ်ပါရေ။ ငယ်နာမည်က လှထွန်းအောင်ဖြစ်ပါရေ။ သူ့ကို အသက် ၁၃
နှစ်မှာ သျှင်ပြုပြီး စစ်တွေမြို့ ပုသိမ်ကျောင်းတိုက်နန့် စစ်တွေမြို့က
ကြက်ကိုင်းတန်ကျောင်းမှာလည်း ပရိယတ္တိစာပီတိကို သင်ကြားခပါရေ။

မိန်း။ ဗိုလ်ရာဇာစွာ တော်လှန်ရေးနန့် ဇာပိုင်ဆက်စပ်ခပါသလဲ။ ဇာပါတီနန့်ဆက်စပ်ပြီး သူ တော် လှန်ရေး စလုပ်ခစွာပါလဲ။

ဖြေ။ ယင်းပိုင် စစ်တွေမှာ စာသင်နေတုန်း အသက် ၁၆

နှစ်အရွယ်ကတည်းက သူက နိုင်ငံရေး၊ တော်လှန်ရေး အသိုင်းအ၀ိုင်းတနန့် ထိတွိ့ ဆက်ဆံခပါရေ။ အထူးသဖြင့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ
ALP
နန့် ဆက်စပ်ပြီး လျှို့ဝှက်ယူဂျီလုပ်ခပါရေ။ ရန်ကုန်နန့် စစ်တွေကို
အလားအလာလုပ်ပြီးကေ လျှို့ဝှက်ယူဂျီ လုပ်နိန်ရေအချိန်မှာ အသက် ၂၀
ပြည့်ရေအခါ
သူရို့ရွာမှာ မိဘတိက ရဟန်းခံပီးပါရေ။ နောက်ပိုင်းမှာ ရန်ကုန်ကို
ပြန်လားပြီး
လျှို့ဝှက်ယူဂျီအလုပ်တိကို ဆက်လက်လုပ်ကိုင်ခပါရေ။ ယင်းပိုင် လိုလုပ်ယင်းနန့်
လူသိများ
လာရေအခါ ရန်ကုန်မှာ နီလို့မရရေအတွက် ဘိတ် (မြိတ်)၊ ကော့သောင်းဘက်ကို
ထွက်လားခရပါရေ။

မိန်း။ ဗိုလ်ရာဇာ၏ ငယ်စဉ်က စိတ်သဘောထား ဇာပိုင်ဟိရေလည်းဆိုတာကို ပြောပီးပါ။

ဖြေ။ သူ့ စိတ်နီသဘောထားကို သိရသလောက်ပြောရကေ
သူ ဇာနိန်ရာကို ရောက်ရောက်၊ ဇာအလုပ်ကိုပင်လုပ်လုပ်၊ ဇာပညာကိုပင် သင်သင်
သူစွာ ရခိုင်အမျိုးသားရေးကိုသာ ပိုပြီးကေ အလီးထားရေစိတဟိရေလို့ သိရပါရေ။ ငယ်စဉ်ကတည်းက သူစွာ အမျိုးသားရေးအကြောင်းတိကိုသ
ပြောလေ့ဟိပါရေ။ နောက်ပြီးကေ သူ့အဖကလည်း ရခိုင်တော်လှန်ရေးသမား
ပြောက်ကျားတစ်ဦးဖြစ်တေ အတွက် သူစွာ အမျိုးသားရေးစိတ်ဓါတ် ငယ်စဉ်ကတည်းက
ပြင်းထန်ခသူတစ်ဦးဖြစ်ပါရေ။ ရခိုင်တမျိုး သားလုံး လွတ်မြောက်ရေးအတွက်
ငယ်စဉ်ကပင် စိတ်ဓါတ်ပြင်းထန်သူ တစ်ဦးဖြစ်ရေအတွက် အရွယ်ရောက် လာရေအခါ
မည်သူတဦးတယောက်ကမှ တိုက်တွန်းစရာမလိုဘဲ တော်လှန်ရေးနယ်ပယ်ထဲကို အရောက် လားပြီး လက်နက်ကိုင်တော်လှန်ရေးကို လုပ်ကိုင်ခစွာဖြစ်ပါရေ။

မိန်း။ ဗိုလ်ရာဇာစွာ လုပ်ဖေါ်ကိုင်ဖက်တိနန့်
သူ့လက်အောက်မှာဟိရေ ရဲဘော်ရဲဘက်တိကို သူကဇာပိုင် သဘောထား ဆက်ဆံတတ်ပါလဲ။

ဖြေ။ သူစွာ အမျိုးသားရေးသမားပီပီ
ရခိုင်ပြည်နန့် ရခိုင်လူမျိုးလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရေ ဇာသူ့
ကိုမဆို ချစ်မြတ်နိုးရေ စိတ်ဟိပါရေ။ သူနန့်အတူ တော်လှန်တိုက်ပွဲဝင်ခရေ ရဲဘော်ရဲဘက်တိအပေါ်မှာလည်း မိမိရင်ဝယ်သားကဲ့သို့ သဘောထားပြီး
စောင့်ယှောက်ပါရေ။ တိုက်ပွဲမှာကျဆုံးလားရေ သူ၏ ရဲဘော်တိ အတွက်လည်း
သူစွာ အချိန်အကြာကြီး စိတ်ထိခိုက်တတ်ပြီး သူ့အတွက် ပိုပြီးအလုပ် လုပ်ဖို့
စိတ်ပြင်းပြသူ တစ်ဦးလည်း ဖြစ်ပါရေ။

မိန်း။ ဗိုလ်ရာဇာ ဇာကြောင့် ကျဆုံးရသလဲလို့
အစ်ကိုယ့် အနီနန့် ယူဆပါသလဲ။

ဖြေ။ ဗိုလ်ရာဇာ ကျဆုံးရစွာက
စေတနာလွန်ကဲအားကြီးလို့ ကျဆုံးရရေလို့ ပြောချင်ပါရေ။ ဇာကြောင့် လဲဆိုကေ
ခုကိစ္စမှာ သူက အကြီးဆုံးတာဝန်ဟိသူဖြစ်ပြီး သူ့အောက်က တာဝန်ဟိသူတိ လားရောက်ဆောင်ရွက်ကေ ရနိုင်ရေကိစ္စဖြစ်ကေလေ့ ကိုယ်ကိုယ်တိုင် လားရောက်လုပ်ကိုင်ရေအတွက် အခုလိုဖြစ်ခရစွာဖြစ်ပါရေ။ ဗိုလ်ရာဇာစွာ ဇာအလုပ်မဆို မိမိကိုယ်တိုင် လားရောက်လုပ်ကိုင်ရမှ
ကြေနပ်တေလူစားမျိုးဖြစ်ပါရေ။ သူ့ လက်အောက်က အဆင့်ဆင့်လုပ်နိန်ကတ်တေ
သူတိကို အားမလိုအားမရဖြစ်ရာကနီ သူကိုယ်တိုင်ပါဝင်ပြီး အိန္ဒိယကို လားရောက်ခစွာဖြစ်ပါရေ။ ဇာနိန်ရာမဆို သူလုပ်မှ ရရေဆိုရေ
သဘောထားတိဟိပါရေ။ အမျိုးသားအတွက် ဖြစ်စီချင်ရေဆန္ဒတိစွာ လွန်ကဲရေအတွက်
အခုပိုင်အဖြစ်ဆိုးနန့် ကြုံတွိ့ခရစွာ ဖြစ်ပါရေ။

မိန်း။ နိုင်ငံရေးအသိုင်းအ၀ိုင်းနန့်
တော်လှန်ရေးအသိုင်းအ၀ိုင်းက ခေါင်းဆောင်တချို့က ပြောကတ်ပါရေ။ ဗိုလ်ရာဇာက
နိုင်ငံရေးမဟိ၊ မိုက်ရူးရဲဆန်ရေ။ စစ်ဘုရင်ဝါဒကျင့်သုံးရေ။ စသဖြင့်
အမျိုးမျိုး ဝေဖန်ပြောဆိုမှု တွိရပါရေ။ ယင်းအပေါ် အစ်ကိုဇာပိုင် ထင်ပါသလဲ။

ဖြေ။ ယင်းကိစ္စနန့် ပတ်သက်လို့ပြောရဖို့ဆိုကေ
သူစွာ စစ်သားတစ်ယောက်ဖြစ်တေအတွက် အပြောကြမ်း ပါရေ။ ယကေလေ့
သူ့နှလုံးသားစွာ အလွန်တရာမှ နုညံ့ပါရေ။ ရခိုင်ပြည်နန့် ရခိုင်လူမျိုးအပေါ်မှာ
သူ ထားရေသဘောထားစွာ အလွန်တရာ နုညံ့အားကြီးပါရေ။ ဇာလောက်ပင် သူ့ပါးစပ်က
ကြမ်းကြမ်းတမ်းတမ်း ပြောကေလေ့ သူပြောရေစကားတိထဲမှာ စေတနာပါရေအတွက်
ကြားရရေသူတိက စကားကြမ်းကြမ်း ပြောကေလေ့ ခွင့်လွှတ်သည်းခံကြပါရေ။
ဗိုလ်ရာဇာ၏ နိုင်ငံရေး၊ စည်းရုံးရေး၊ တိုက်ခိုက်ရေးကအစ ကျွန်တော်
အနီးကပ်မြင်လိုက်ရစွာက တခုလေ့ပြောစရာမဟိပါ။ နောက်တခုက သူ့ကို
ဝိုင်းရံပီးကတ်တေ တချို့ခေါင်းဆောင် တိက သူ့အမှားတိကိုတွိ့ကေလည်း
မှားစွာကို မှားရေလို့မပြောဘဲ မှန်ရေဆြိုပီး မြှောက်ပင့်လို့ ပီးကြစွာတိလည်း ဟိခပါရေ။ ယင်းအတွက်ကြောင့်လည်း ဗိုလ်ရာဇာကို
ထိခိုက်မှုတချို့ဟိခပါရေ။ ယကေလေ့ ဗိုလ်ရာဇာစွာ တိုင်းပြည်အတွက်
အများကြီး အလုပ်လုပ်ခသူတစ်ဦးဖြစ်ရေ အတွက် မှားစွာတိ ဟိနိုင်ခကေလေ့ သူမှားခစွာတိက သာမန်အမှားမျိုးတိသာ ဖြစ်ရေလို့ ပြောချင်ပါရေ။

မိန်း။ ဗိုလ်ရာဇာစွာ ရခိုင်ပြည်တပ်မတော်ကို
စတင်တည်ထောင်လာရေ ခေါင်းဆောင်တစ်ယောက်ဖြစ်ပါရေ။ ယင်း စတင်လာရေအခါ သူ ဇာပိုင်ဖြတ်သန်းကျော်လွှားလာသလဲဆိုစွာကို အစ်ကိုသိသလောက် ပြောပြပီးပါလား။

ဖြေ။ ဗိုလ်ရာဇာ ပထမဆုံး ALP ကိုဝင်ပါရေ။ သိရသလောက်
ဗိုလ်ရာဇာစွာ
ALP က
ခေါင်းဆောင်တချို့နန့် ဆက်ဆံရေး အဆင်မပြေလို့ သိရပါရေ။ ယင်းကြောင့် သူ့ကို သီဒဏ်ပီးခစွာတိ ဟိရေလို့လည်း သိရပါရေ။ ယင်းပိုင် သီဒဏ်ပီးခံရရေအတွက်
သူစွာ ကရင်နယ်မြီ တပ်မဟာ ၄ ကို တိတ်တဆိတ် ထွက်ခွါလားပြီး ယင်းမှာ
တော်လှန်ရေးစလုပ်ပြီး လက်နက်နိ စုဆောင်းပါရေ။ လူတိ စုဆောင်းခပါရေ။
လက်နက်နန့် ငွေအင်အား တောင့်တင်းလာရေအခါ ပင်လယ်ပြင်ကို မော်တော်ဘုတ်တိနန့်
ဖြတ်ပြီး ဘင်္ဂလာ-ရခိုင်နယ်စပ်မှာ ရခိုင်ပြည် တပ်မတော်
AA ကို
လာရောက်ထူထောင်ခပါရေ။ ဗိုလ်ရာဇာစွာ ခေတ်သစ် ရခိုင်တော်လှန်ရေးသမိုင်းမှ
ရခိုင်တော်လှန်ရေးအတွက် လက်နက်ခဲယမ်းမီးကျောက် အများဆုံးရှာဖွီ
စုဆောင်းပီးနိုင်ခရေ ခေါင်းဆောင်တစ်ဦးဖြစ်ပါရေ။

မိန်း။ ဗိုလ်ရာဇာစွာ ရခိုင်တော်လှန်ရေးမှာ
အလွန်နာမည်ကြီးခရေ ခေါင်းဆောင်တစ်ဦးဖြစ်ပါရေ။ ယင်းချင့်က ဇာကြောင့်ပါလဲ။

ဖြေ။ ဗိုလ်ရာဇာစွာ သူရ သတ္တိနန့်
ပြည့်စုံသူတစ်ဦးဖြစ်ပြီး တိုက်ခိုက်ရေးမှာ အလွန်ကောင်းရေသူ တစ်ဦး
ဖြစ်ပါရေ။ နောက်ပြီး ဇွဲ၊ ၀ိရိယ၊ သက်လုံကောင်းပါရေ။ နီစွာထိုင်စွာ လားစွာလာစွာအစ သတိ ဟိပါရေ။ စစ်သားကောင်းတစ်ယောက်အနိနန့် ဇာနိန်ရာမှ
သူ့ကိုပြောဖွယ်ရာမဟိပါ။ ဆက်ဆံရေး မှာ၎င်း၊ စည်းရုံးရေးမှာ၎င်း၊ လူထုနန့်
ဆက်ဆံရေနိန်ရာမှာလည်း ပျော့ပျောင်းပါရေ။ ပီးကမ်းချီးမြှင့်ရေနိန်ရာမှာလည်း
မငှဲ့ကွက်တတ်ပါ။ ငယ်သားတိအပေါ်မှာ စိတ်ထိခိုက်အောင် မပြောပါ။ နောက်ပြီးကေ
မဟာမိတ်တိနန့် လည်း ပြေလည်ပါရေ။ ဗုဒ္ဓဘာသာနန့်ဆိုင်ရေ
လှူဒါန်းစွန့်ကြဲပေးကမ်းမှုတိကို ရောက်ရေနိန်ရာမှာ လုပ်ပါရေ။ ပြီးကေ
ဗိုလ်ရာဇာစွာ တော်လှန်ရေး သက်တမ်းတလျှောက်လုံးမှာ သူ့ကိုယ်ကျိုးအတွက် တခုလည်း
လုပ်ကိုင်ခစွာ မဟိဘဲ အမြင့်မြတ်ဆုံး ပီးဆပ်လားသူတစ်ဦးဖြစ်ပါရေ။
ဗိုလ်ရာဇာစွာ ရခိုင့် နိုင်ငံရေး တော်လှန်ရေးမှာ စံတင်ထားလောက်တေ ကိုယ်ကျိုးစွန့်အနစ်နာခံသူတစ်ဦး ဖြစ်ပါရေ။ ယင်းကြောင့်
ရခိုင်တော်လှန်ရေးနယ်ပယ်မှာ အချိန်တို အတောအတွင်း ဗိုလ်ရာဇာစွာ
အထူးထင်ရှားသူတစ်ဦးဖြစ်ခစွာ ဖြစ်ပါရေ။

မိန်း။ ဗိုလ်ရာဇာ ကျဆုံးလားရခြင်းအတွက်
ရခိုင်လူမျိုးတိအတွက် နစ်နာဆုံးယှုံးမှုတိ ဟိရေလို့ ထင်ပါသလား။

ဖြေ။ ဗိုလ်ရာဇာ ကျဆုံးလားရေအတွက်
ကျွန်တော်ရို့ ရခိုင်သားတိအတွက် အလွန့်အလွန် ဆုံးယှုံးမှုတစ်ခု ဖြစ်တေလို့
ကျွန်တော်အနီနန့် ခံစားရပါရေ။ ဇာဖြစ်လို့လဲဆိုကေ ဗိုလ်ရာဇာ
ကျဆုံးလားရေနောက်ပိုင်းမှာ သူ့ပိုင်လူမျိုး နောက်ထပ်ပေါ်ပေါက်မလာရေအတွက်
ဖြစ်ပါရေ။ ဗိုလ်ရာဇာ လုပ်ခရေလမ်းကြောင်းကို ဆက်လက် လုပ်နိုင်ရေသူ
မဟိရေပိုင် ဗိုလ်ရာဇာ အသက်၊ သွီး၊ ချွေးနဲက ရင်းနှီးပြီးရှာဖွီထားခရေ
လက်နက် ခဲယမ်း မီးကျောက်တိကိုလည်း ထိန်းသိမ်းနိုင်ခရေ သူတိ မဟိခပါ။ ရခိုင်တော်လှန်ရေးမှာ ကိုယ်ကျိုး စွန့်သူတိနည်းပါးပြီးကေ
ဗိုလ်ရာဇာပိုင် ရွတ်ရွတ်ချွန်ချွန် ထမ်းဆောင်နိုင်ရေ ခေါင်းဆောင်တိကို
လက်ဆင့်ကမ်း မမွီးထုတ်နိုင်ရေအတွက် သူကျဆုံးလားခြင်းက
ရခိုင်တော်လှန်ရေးအတွက် အစားထိုး မရနိုင်ရေ ဆုံးယှုံးမှုကြီးတစ်ရပ်
ဖြစ်ပါရေ။ ဗိုလ်ရာဇာ ကျဆုံးသလားရေအတွက် ရခိုင်အမျိုးသားတိ လွတ်
မြောက်ဖို့ နောက်ထပ် နှစ်ပေါင်း ၂၀ လောက် နောက်ကျလားပါရေ။
အားနည်းလားရေလို့ ကျွန်တော့် အနီနန့် သတ်မှတ်ပါရေ။

မိန်း။ တချို့ကပြောပါရေ။ ဗိုလ်ရာဇာ
အသက်ရှင်ဟိသိမ့်ရေ။ တချို့က အိန္ဒိယအစိုးရ သတ်ပစ် လိုက်တတလို့
အမျိုးမျိုးပြောနိန်ကြပါရေ။ ယင်းအပေါ် ညီတော်စပ်တဲ့ မိသားစုဝင်
တစ်ယောက်အနီနန့် ဇာပိုင်ထင်ပါသလဲ။

ဖြေ။ ကျွန်တော်က ဗိုလ်ရာဇာ သီဆုံးလာခဗျာယ်ဖြစ်တေလို့ ယူဆပါရေ။ ဇာဖြစ်လို့လည်းဆိုကေ ပြဿနာ
ဖြစ်ရေနိန့်ကစပြီး ခုအချိန်ထိ တခုအစတနလည်း ပေါ်မလာဗျာယ်ဖြဟ်လို့ ဗိုလ်ရာဇာနန့်တကွ
ခေါင်းဆောင် ၆ ယောက် ကို အိန္ဒိယစစ်တပ်က သတ်ပစ်စွာမှန်ရေလို့
ကျွန်တော့်အနီနန့် ယုံကြည်ပါရေ။ အဂု အဖမ်းခံနီရရေ ရဲဘော်တိလည်း
ဗိုလ်ရာဇာနန့် ပစ်သတ်ခံရစွာကို မမြင်ခရကေလေ့ သေနတ်သံတိကို
ကြားခရသူတိလည်း ဖြစ်ကြပါရေ။ ယင်းကြောင့် ကျွန်တော်က အိန္ဒိယအစိုးရ
လုပ်ကြံသတ်ဖြတ်ပစ်တေဆိုစွာကို ဧကန်မုချ ယုံကြည်ပါရေ။ နောက်တချက်က
အိန္ဒိယနိုင်ငံမှာ ဒေကိစ္စနန့်ပတ်သက်လို့ ရေတပ်ဗိုလ်ချုပ်ကြီးကိုတောင်မှ ဖြုတ်ပစ်ရရေအဆင့်ထိဟိခရေအတွက် အမှန်တကယ် သတ်ပစ်စွာဟုတ်တေလို့
ယုံကြည်ပါရေ။
ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးအတွက် မြန်မာစစ်အစိုးရကို လက်နက်ကိုင်
တိုက်ပွဲဆင်နွဲဖို့ဆိုပြီးကေ ရခိုင်ပြည် တပ်မတော်
AA ကို
ထူထောင်ခရေ စစ်ဦးစီးချုပ် ဗိုလ်ရာဇာအပါအ၀င် ခေါင်းဆောင် ၆ ယောက်ကို
၁၉၉၈ ခုနှစ် ဖေဖေါ်ဝါရီလမှာ အိန္ဒိယထောက်လှမ်းရေးက အန်တမန်ကျွန်းမှာ
ရေတပ်အခြီစိုက်စခန်းတစ်ခု ဖွင့်ပီးမေ ဆိုပြီး ခေါ်ယူလားကာ
လုပ်ကြံသတ်ဖြတ်လိုက်ပါရေ။ ဗိုလ်ရာဇာ လုပ်ကြံခံလိုက်ရပြီးနောက် သူနန့် အတူ
ပါလာသော ရခိုင်ကရင် ရဲဘော် ၃၄ ယောက်ကိုလည်း ဂနိန့်တိုင် အိန္ဒိယအစိုးရက
ချုပ်နှောင်ထားပါရေ။ ဘင်္ဂလာနယ်စပ်မှာဟိနိန်ရေ ရာနန့်ချီရေ ရဲဘောတိနန့်
ခေတ်မှီလက်နက်မျိုးစုံမှာလည်း သူနန့်အတူ ပျောက်ဆုံးလားခရပါရေ
လောကသာရပျို့ ဆရာရခိုင်သူမြတ်၏အတ္ထုပ္ပတ္တိ


သက္ကရာဇ် ၆၈၈ ခုနှစ်တွင် မင်းလျင်စောသည် သရက်မြို့ကိုတည်၍နိန်သည်။ သက်လူမျိုးများကိုအုပ်စိုးသောကြောင့် သက်မင်းဟုကျော်စောသည်။ သက်မင်းလျင်စောတွင် စောစုံ၊ စောဖြူ၊ စောတူဟု သားတော်သုံးပါးဟိပါသည်။
သက်ရို့သည်ရခိုင်ရိုးမတောင်စဉ်တောင်တန်းဟိ ကျေးရွာများကိုလားရောက် တိုက်ခိုက်ဖျက်ဆီးကြသည်။ ထိုအခါ ရခိုင်ဘုရင်မင်းထီးသည် အမတ်ကြီးရာဇစည်သူသင်္ကြကိုစီလွှတ်၍သရက်ကိုအတိုက်ခိုင်းသည်

သက္ကရာဇ် ၆၉၅ ခုတွင် အမတ်ကြီးသည် စစ်သည်ဗိုလ်ပါအများနှင့် ရိုးမတောင်ကိုဖြတ်ကျော်ချီတက်ကာ သက်မင်းလျင်စောအား သားတော်သမီးတော် မိဖုရား မောင်းမရို့နှင့်အတူ ပရိယာယ်ဖြင့် အလွယ်တကူ ရခိုင်သို့ယူဆောင်လီသည်။

မင်းလျင်စောလည်းရခိုင်သို့ရောက်လျှင် သားတော်သုံးပါးရို့ကို ပိဋကတ် ဗေဒင်တတ်သော သူမြတ်ဝယ်အပ်လီ၏။ မင်းသားသုံးပါးလည်း ပိဋကတ် ဗေဒင်သင်၍တတ်လီလျှင် ဆရာသူမြတ်အိပ်မက်မြင်တော်မူ၏။ နောင်တော်အကြီးစောစုံသည် စမုန်မြစ်ရီကိုသောက်၍ ကုန်သည်ဟုမက်၏။ ညီတော်အလတ် စောဖြူသည် ဖိုးဦးမော်ရီကိုသောက်၍ကုန်သည်ဟု မက်၏။ ညီတော်အငယ် စောတူသည် အဝမြစ်ရီကိုသောက်၍ ကုန်သည်ဟု မက်၏။ ဆရာသူမြတ်လည်း မင်းသုံးပါးကိုခေါ်၍ -အမောင်ရို့လည်းစစ်ကိုင်း၊ ပင်းယသို့လား၍နိန်ကတ်လီ။ မင်းဂျည်းဖြစ်လိမ့်မည်။ မင်းဖြစ်လျှင် ငါ့ကိုမမိန့်ပါနှင့်-ဟုမိန့်တော်မူ၏။ မင်းညီနောင်သုံးပါးရို့လည်း ခမည်းတော် မယ်တော်ရို့ကိုလျှောက်၍ သက္ကရာဇ် ၇၀၅ ခုတွင် အရှေ့ပြည်သို့လားကြလီသည်။ စစ်ကိုင်း၊ ပင်းယသို့ရောက်လျှင် စောစုံသည် မြင့်စိုင်းမြို့ကိုစားရသည်။ စောဖြူသည် ပြည်မြို့ကိုစားရသည်။ စောတူသည် အမြင့်မြို့ကို တရဖျားစောက် အမည်နှင့် စားရသည်။

နောင်သောအခါ အမြင့်တရဖျားစောကဲသည် အဝမြို့တွင် မင်းကြီးစွာစောကဲအမည်နှင့် မင်းဖြစ်လီသည်။ မင်းကြီးစွာစောကဲသည် ပညာဟိကိုချစ်တော်မူတတ်သည်။ ပညာဟိစကားကို နားထောင်နားထောင်တော်မူတတ်သည်။ မင်းကြီးလက်ထက်တွင် စဉ်းတပစ်အမတ်နှင့် ဝန်စင်းမင်းရာဇာရို့သည် မင်းတိုင်ပင်ပညာဟိများဖြစ်ကြသည်။ မင်းဖြစ်၍ (၁၆)နှစ်ဟိသောအခါ မင်းကြီးသည် မိမိ၏ ငယ်ဆရာ ရခိုင်သူမြတ်ကို သတိရ၍ နိန်ပြည်တော်သို့ပင်ခေါ်ကာ မဟာသင်္ဃရာဇာဟူသော တံဆိပ်နာမံကပ်လှူပြီးလျှင် ကိုးကွယ်တော်မူလီသည်။

ထိုမဟာသင်္ဃရာဇာ တံဆိပ်နာမံကို ခံယူတော်မူသည့် ရခိုင်သူမြတ်သည် မင်းသားသုံးပါးကို စာပီချစဉ်အခါက လောကသာရပျို့ကိုစီကုံးကာ မင်းသားအားသင်ကြားပီးလီသည်။

ဤကား ဦးကုလားရာဇဝင်၊ဓညဝတီအရေးတော်ပုံ၊ သာသနာလင်္ကာရစာတန်းရို့နှင့် အညီဖြစ်သော လောကသာရပျို့နှင့် ပျို့ဆရာရို့၏ အတ္ထုပ္ပုတ္တိပေတည်း။

Saturday, April 7, 2012

နန်းရင်းဝန်ဟောင်း ဆာပေါ်ထွန်း

ဆာပေါ်ထွန်းသည် ထင်ရှားခဲ့သော နိုင်ငံရေး ခေါင်းဆောင်းကြီး တဦး ဖြစ်သည်။ ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးရဲဖော်၏ သားအငယ် ဖြစ်သည်။ စစ်တွေမြို့၊ ရန်ကုန်မြို့ ကာလကတ္တားမြို့တို့တွင် ပညာသင်ကြားခဲ့သည်။ ဝိဇ္ဇာတန်းထိ ပညာဆည်းပူးခဲ့သည်။
၁၉ဝ၄ ခုနှစ်၊ ၁၉ဝ၅ ခုနှစ်တွင် ရန်ကုန်မြို့ မက်သဒစ် ယောက်ျားကလေး ကျောင်းတွင် ကျောင်းဆရာကြီး အဖြစ် လည်းကောင်း၊ ၁၉ဝ၅ ခုနှစ်မှ ၁၉ဝ၈ ခုနှစ် အထိ ရန်ကုန်မြို့ အစိုးရ ဟိုက်စကူးကျောင်း၌ အလယ် တန်းနှင့် အထက်တန်း ဆရာအဖြစ် လည်းကောင်း လုပ်ကိုင်ခဲ့သည်။
ဆာပေါ်ထွန်းသည် ပညာရေး လောက၌ ဆောင်ရွက်ပြီးနောက် ၁၉ဝ၈ ခုနှစ်မှ ၁၉၁၂ ခုနှစ်ထိ ချိ(ပ်)ကုတ် ရုံးတော်ကြီးတွင် စကားပြန် အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၁၂ ခုနှစ်မှ ၁၉၂၁ ခုနှစ်အထိ နှစ်များတွင် မြို့ ပိုင်၊ အခွန်ဝန်၊ နယ်ပိုင် စသော ဗြိတိသျှ အစိုးရ၏ အုပ်ချုပ်ရေး ရာထူးများတွင် ဝင်ရောက် အမှုထမ်းခဲ့သည်။ ယင်းသို့ အုပ်ချုပ်ရေးပိုင်းတွင် ထမ်းရွက်စဉ် ပထမ ကမာႝစစ်ကြီး အတွင်း ဗြိတိသျှတို့ စစ်အောင်မြင်ရေး အတွက် အထူး အကူအညီ ပေးခဲ့၍ ဆုတံဆိပ်များ ချီးမြှင့်ခြင်း ခံရသည်။ ၁၉၁၉ ခုနှစ်တွင် အမှုထမ်းကောင်း တံဆိပ်ရ မင်းဘွဲ့ကိုလည်း ရရှိခဲ့သည်။

ထို့နောက် ဗြိတိသျှ အစိုးရ အမှုထမ်း အဖြစ်မှ နုတ်ထွက်လိုက်ပြီး ၁၉၂၃ ခုနှစ်တွင် အင်္ဂလန်ပြည်သို့ သွား၍ ဝတ်လုံပညာ သင်ကြား တတ်မြောက်ခဲ့သည်။ မြန်မာနိုင်ငံသို့ ပြန်လာကာ ဝတ်လုံ လိုက်ရင်း နိုင်ငံရေး နယ်ပယ်ထဲသို့ ဝင်ရောက်ခဲ့သည်။ ၁၉၂၅ ခုနှစ်တွင် ရမည်းသင်း မြောက်ပိုင်း မဲဆန္ဒနယ်မှဥပဒေပြု ကောင်စီ အမတ် အဖြစ် အရွေးခံရသည်။

၁၉၂၅ ခုနှစ်မှ ၁၉၂၈ ခုနှစ် အထိ ဥပဒေပြု ကောင်စီ ဒုဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ ရန်ကုန်မြို့ မြူနီစီ ပယ် ကော်ပိုရေးရှင်း၏ အဖွဲ့ဝင် လူကြီး တဦး အဖြစ်ဖြင့် ၁၉၂၇ ခုနှစ်မှ ၁၉၃၂ ခုနှစ် အထိ ဆောင်ရွက်ခဲ့ သည်။ ၁၉၃၂ ခုနှစ်တွင် ရန်ကုန် မြို့တော်ဝန် ဖြစ်လာသည်။

ဤသို့လျှင် ဆာပေါ်ထွန်းသည် မြန်မာနိုင်ငံရေး လောကတွင် တဖြည်းဖြည်း ထင်ရှားလာသည့် အလျောက် ၁၉၂၅ ခုနှစ်မှ ၁၉၂၇ ခုနှစ် အထိ ‘သရာဇပါတီ’ ၏ ဒုတိယခေါင်းဆောင် ဖြစ်လာသည်။ ထို့ပြင် ပြည်သူပါတီ၊ နှစ်ဆယ့်ခုနှစ်ဦး အဖွဲ့ စသည့် ပါတီများ၌လည်း အရေးပါသော အမှုဆောင် တဦး ဖြစ်လာသည်။ ၁၉၃၂ ခုနှစ်မှ ၁၉၃၅ ခုနှစ် အထိ ထိပ်တန်း မြန်မာ နိုင်ငံရေး ခေါင်းဆောင်များ ဖြစ်ကြသော သမ္မတ ဦးချစ်လှိုင်၊ ဦးမြတ်သာထွန်းတို့နှင့် အတူ ‘လှိုင်၊ မြတ်၊ ပေါ်’ ပါတီကို ဖွဲ့စည်း တည်ထောင်ခဲ့သည်။ အိန္ဒိယပြည်နှင့် မြန်မာ ပြည် တွဲရေး ခွဲရေး ပြဿနာ ပေါ်ပေါက်လာသော အခါ တွဲရေးဘက်မှ ဆောင်ရွက်ခဲ့သည်။

၁၉၃၇ ခုနှစ်တွင် ဗြိတိသျှ ပါလီမန်က မြန်မာပြည် ဥပဒေကြမ်းကို စိစစ် ရေးဆွဲရန် တွဲဖက် ကော်မတီ တခု ဖွဲ့စည်းသည်။ ထိုတွဲဖက် ကော်မတီနှင့် တိုင်ပင် ဆွေးနွေးရန် မြန်မာနိုင်ငံ ကိုယ်စားလှယ်များကို ဘိလပ်သို့ ခေါ်ရာ ကိုယ်စားလှယ် အဖွဲ့တွင် ‘လှိုင်-မြတ်-ပေါ်’ ပါတီနှင့် ‘ဆင်းရဲသား ပါတီ’ တို့၏ ကိုယ်စား ဆာပေါ်ထွန်း လိုက်ပါ သွားခဲ့သည်။

မြန်မာပြည်ကို အိန္ဒိယပြည်မှ ခွဲထုတ်လိုက်သော အခါ ၉၁ ဌာန ဟူသော အုပ်ချုပ်ရေးသစ်ဖြင့် စတင်အုပ်ချုပ် ရသည်။ ပထမဆုံးအကြိမ် ဥပဒေပြု လွှတ်တော် ရွေးကောက်ပွဲများကို ၁၉၃၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပ သည်။ ဆာပေါ်ထွန်းသည် ဦးချစ်လှိုင် ပါတီဝင် အဖြစ် ပခုက္ကူ ခရိုင် ရေစကြို မဲဆန္ဒနယ်မှ ရွေးကောက် တင်မြှောက်ခြင်း ခံရသည်။ ထိုအချိန်တွင် ဆာပေါ်ထွန်းသည် ဦးချစ်လှိုင် ပါတီ၏ ခေါင်းဆောင် ဖြစ်သည်။

ထိုအခါတွင် ဒေါက်တာ ဘမော် ခေါင်းဆောင်၍ ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းခဲ့သည်။ ထိုညွန့်ပေါင်း အစိုးရတွင် ဆာပေါ်ထွန်းသည် ပြည်ထဲရေး ဝန်းကြီးနှင့် တရားရေး ဝန်ကြီး အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ဗြိတိသျှ အစိုးရက ဦးပေါ်ထွန်းကို ‘ဆာ’ ဘွဲ့ဖြင့် ချီးမြှင့်သည်။ ယင်းမှစ၍ ဆာပေါ်ထွန်းဟု ခေါ်တွင် လာကြ သည်။ ထိုအချိန်တွင် ဥရောပ၌ စစ်ယမ်းအိုးကြီ ပေါက်ကွဲလုနီး ဖြစ်နေသည်။ မြန်မာပြည်တွင်လည်း မျိုးချစ် စိတ်ဓာတ် ထက်သန်ခြင်း ပြင်းပြလာကာ လှုပ်ရှားမှုများ များပြားလာသည်။ ကျောင်းသား၊ အလုပ်သမား၊ လယ်သမားအရေးများ ပြင်းထန်လာသည်။ တစ်နိုင်ငံလုံး ဆူဆူပူပူဖြစ်လာသဖြင့်ဒေါက်တာဘမော်ညွန့်ပေါင်း အစိုးရသည် ၁၉၃၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြုတ်ကျလေသည်။

ထိုအခါ ဦးပု ခေါင်းဆောင်သော ညွန့်ပေါင်း အစိုးရ တက်ပြန်သည်။ ဆာပေါ်ထွန်းသည် ထိုအစိုးရ အဖွဲ့တွင် မြေနှင့် အခွန်တော်ဌာနဝန်ကြီး အဖြစ် ပါဝင်ရပြန်သည်။ ဦးပုအစိုးရအဖွဲ့သည် ၁၉၄ဝ ပြည့်နှစ်တွင် ပြုတ်ကျ ပြန်၍ ဂဠုန်ဦးစောအစိုးရအဖွဲ့ တက်ပြန်သည်။ ထိုအဖွဲ့တွင်လည်း ဆာပေါ်ထွန်းသည် မြေနှင့် အခွန်တော် ဌာနဝန်ကြီးအဖြစ်ဆောင်ရွက်ရသည်။ ၁၉၄၁ခုနှစ် နောက်ပိုင်းတွင်ဂဠုန်ဦးစောဘိလပ်သွာစဉ် ဆာပေါ်ထွန်း သည် မြန်မာ အစိုးရအဖွဲ့၏ ခေါင်းဆောင် ခေတ္တ နန်းရင်းဝန် အဖြစ် ဆောင်ရွက်ရသည်။ ၁၉၄၂ ခုနှစ်၊ ဇန်န ၀ါရီလ မှစ၍ ဆာပေါ်ထွန်းသည် မြန်မာပြည် နန်းရင်းဝန် အဖြစ် ဆောင်ရွက်ခဲ့သည်။

ထိုအတောအတွင်းဒုတိယကမ္ဘာစစ်ကြီးသည် ကမ္ဘာ့အရှေ့ဘက်ခြမ်းသို့ပျံ့နှံ့လာသည်။ဂျပန်တို့၏ စစ်ကြောင်း သည် မြန်မာပြည်ဘက်သို့လည်း ရောက်ရှိ လာခဲ့သည်။ ထိုအခါ ဗြိတိသျှ အစိုးရသည် မြန်မာပြည် အစိုးရ အဖွဲ့အား ၁၉၄၂ ခု နှစ်ဦးပိုင်းတွင် အိန္တိယပြည် ဆင်းမလားမြို့သို့ ရွှေ့ပြောင်း စေခဲ့သည်။

ထို့ကြောင့် ဆာပေါ်ထွန်း အစိုးရ အဖွဲ့သည် အိန္တိယပြည်သို့ ပါသွားကာ ဆင်းမလားမြို့၌ အဝေးရောက် မြန်မာပြည် အစိုးရအဖွဲ့ရုံးကို ဖွင့်လှစ်ထားသည်။ ဒုတိယကမ္ဘာ့စစ်ကြီး ပြီးဆုံးသောအခါ မြန်မာပြည် အတွက် အုပ်ချုပ်ရေး စီမံကိန်းများကို ဆင်းမလားမြို့၌ပင် ရေးဆွဲခဲ့သည်။

ဆာပေါ်ထွန်းသည် မြန်မာပြည်နန်းရင်းဝန် အဖြစ် ၁၉၄၃ ခုနှစ်၊ ဧပြီလ အထိ ဆောင်ရွက်ခဲ့သည်။ ထို့နောက် မြန်မာပြည် ဘုရင်၏ အကြံပေး အရာရှိ အဖြစ် ဆက်လက် ဆောင်ရွက်သည်။ မြန်မာပြည်ကို မဟာမိတ်တပ် များက ပြန်လည် သိမ်းပိုက်ပြီးနောက် ၁၉၄၅ ခုနှစ်၊ အောက်တိုဘာလတွင် စစ်အုပ်ချုပ်ရေးကို ရပ်စဲလိုက် သည်။ အိန္တိယပြည်သို့ စစ်ပြေးခဲ့သော မြန်မာပြည် ဘုရင်ခံ ဆာရယ်ဂျီနယ် ဒေါ်မန်စမစ်သည် မြို့ပြ အုပ်ချုပ် ရေးကို လက်ခံရန် မြန်မာပြည်သို့ ပြန်လာသည်။ ဆာပေါ်ထွန်းသည် ဆာဒေါ်မန်စမစ်၏ အတိုင်ပင်ခံ အမှု ဆောင် အဖွဲ့တွင် ပြည်ထဲရေး ဝန်ကြီး အဖြစ် ၁၉၄၅ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည်။ ဘုရင်ခံ၏ အတိုင်ပင်ခံ အမှုဆောင် အဖွဲ့တွင် ဆာပေါ်ထွန်း၊ ဆာထွန်းအောင်ကျော်၊ သခင် ထွန်းအုပ်၊ ဦးအေး၊ ဦးဘအုန်း၊ ဦးလွန်း၊ ဦးပု (သာယာဝတီ)၊ ဦးမောင်မောင်တို့ ပါဝင်သည်။ ထိုအချိန် မြန်မာ တိုင်ရင်းသားတို့သည် နိုင်ငံ လွတ်လပ် ရေး စိတ်ဓာတ် အလွန် တက်ကြွနေသည်။ ပုလိပ် သပိတ်၊ အမှုထမ်းပေါင်းစုံ သပိတ် စသည်များ ပေါ်ပေါက် ကာ ဗြိတိသျှ အစိုးရအား မကြုံစဖူး အွုံွ့က၍ ဆန့်ကျင်ဘက် ပြုနေကြသည်။ လုံးဝ လွတ်လပ်ရေး ပေးရန် အရေးဆိုကြသည်။ အစိုးရ ဆန့်ကျင်ဘက် လုပ်ငန်း အားလုံးကို ဗိုလ်ချုပ် အောင်ဆန်းက ဦးဆောင်ဦးရွက် ပြုခဲ့သည်။ ထို့ကြောင့် ဗြိတိသျှ အာဏာပိုင်တို့သည် ဆာဒေါ်မန်စမစ်အား ပြန်ခေါ်ပြီး နောက်ဆုံး ဆာဟူး ဗတ်ရန့်အား မြန်မာပြည် ဘုရင်ခံ အဖြစ် ခန့်ထားသည်။

ဆာဟူးဗတ်ရန့်သည် အတိုင်ပင်ခံ အမှုဆောင် ဝန်ကြီး အဖွဲ့ကို ပြန်လည် ဖွဲ့စည်းရာ ထိုစဉ်က လူထု၏ တခဲနက် ထောက်ခံမှု ရရှိသော ဖဆပလ ခေါင်းဆောင်းကြီးများ ပါဝင်လာသည်။ ဆာပေါ်ထွန်း မပါဝင်တော့ ချေ။

ဆာပေါ်ထွန်းသည် ထိုစဉ် အခါက ဖဆပလ အဖွဲ့မှ ခေါင်းဆောင်၍ လုံးဝ လွတ်လပ်ရေး ပေးရန် တောင်း ဆိုခြင်းကိုမှု ထောက်ခံခဲ့သည်။ထို့နောက်ဆာပေါ်ထွန်းသည် နိုင်ငံရေးမှ အနားယူပြီးလျှင် ငြိမ်သက် အေးချမ်း စွာ နေထိုင်ခဲ့သည်။ ဆာပေါ်ထွန်းသည် ၁၉ဝ၄ ခုနှစ်တွင် မြန်မာ အမျိုးသမီး ဒေါ်ထွေးနှင့် လက်ဆက်ခဲ့ပြီး သားတယောက် ရသည်။ ဒေါ်ထွေးသည် ၁၉၃၁ ခုနှစ်တွင် အနိစ္စ ရောက်သည်။

၁၉၃၂ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု အိုဟိုင်းအိုး ပြည်နယ်၊ ကလိဗလန်းမြို့မှ ဆာရာ အယ်လစ်ဇ မတ် ဂျီဝစ်နှင့် လက်ထပ်ခဲ့သည်။ သမီးတယောက် ရခဲ့သည်။

ဘ၀နိဂုံး
နန်းရင်းဝန်ဟောင်း ဆာပေါ်ထွန်းသည် ၁၉၅၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့ နေအိမ်၌ ကွယ်လွန်သွားသည်။
ကိုးကား
ရွှေဥသြရဲ့ ‘တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ’ စာအုပ် စပယ်ဦး စာပေ ၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလ (တတိယ အကြိမ်)
ဦးစံရွှေ (၁၈၈၂-၁၉၇၂)

သက်ကြီးတက္ကသိုလ် ကျောင်းအုပ်ကြီး ဦးစံရွှေ (၁၈၈၂-၁၉၇၂)

"မြန်မာ့ ပညာရေးလောကတွင် ထင်ရှားသည်။ အထူးသဖြင့် သက်ကြီး တက္ကသိုလ် ကျောင်းအုပ်ကြီး အဖြစ် လူသိများသည်။ အင်္ဂလန်နိုင်ငံ ကိန်းဘရစ် တက္ကသိုလ်မှ အစောဆုံး ဘီအေဘွဲ့ရသူများတွင် တဦး အပါ အဝင် ဖြစ်သည်။ ကိုလိုနီခေတ်ဦးအစိုးရ အထက်တန်းကျောင်း အမြဲတမ်းကျောင်းအုပ်ကြီး ရာထူးကို မြန်မာ တိုင်းရင်း သားများထဲမှ ပထမဦးဆုံး ခန့်ထားခံရသူ၊ အိန္ဒိယ ပဋိညာဉ်ခံ ပညာရေးဝန်ထမ်း သတ်မှတ်ချက် ကို ငြင်းပယ်ခဲ့ သူ၊ အမျိုးသား ပညာရေးကို အားပေးကူညီ၍ ဗြိတိသျှ အစိုးရ၏ အငြိုအငြင်ခံရသူ၊ အင်္ဂလန်မှ ထိပ်တန်း ဝတ်လုံဘွဲ့ (Barrister at Law) ရခဲ့သော်လည်း ပညာရေးသမား တဦးအဖြစ် ဘဝတလျှောက်လုံး ပညာရေး နယ်ပယ်တွင်သာ အစဉ်တစိုက် ဆောင်ရွက်ခဲ့သူ ဖြစ်သည်"
ငယ်ဘဝ
၁၈၈၂ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် စစ်တွေ၌ ဖွားသည်။ အဖ မြေပိုင်ရှင် ကျောင်းဆရာကြီး ဦးစံလှအောင်၊ အမိ ဒေါ်သုနန္ဒာ ဖြစ်သည်။ ရခိုင် တိုင်းရင်းသား ဖြစ်သည်။

၁၈၈၇ ခုနှစ်တွင် ဆရာ ဦးဖေသက်နှံ၏ တိုင်းရင်းသား စာသင်ကျောင်း၊ ၁၈၈၉ ခုနှစ်တွင် စစ်တွေ အစိုးရ အ ထက်တန်းကျောင်းတို့၌ ပညာသင်သည်။ ၁၈၉၇ခုနှစ်တွင် ကာလကတ္တားတက္ကသိုလ်ဝင်ခွင့် စာမေး ပွဲ အောင်သည်။ တက္ကသိုလ် ပညာသင်ဆု ရသည်။ ၁၉ဝ၁ ခုနှစ်တွင် ရန်ကုန်ကောလိပ်မှ ဘီအေ စာမေး ပွဲကို ပထမအဆင့်ဖြင့် အောင်သည်။ ရွှေတံဆိပ် ချီးမြှင့်ခံရသည်။ ၁၉ဝ၁ ခုနှစ်၊ သြဂုတ်လတွင် အင်္ဂလန်နိုင် ငံသို့ ပညာတော်သင် သွားရောက်ခဲ့သည်။

၁၉ဝ၄ ခုနှစ်တွင် ကိန်းဘရစ် တက္ကသိုလ် အီမယ်ညူဝယ် ကောလိပ်မှ ဘီအေဘွဲ့ ရသည်။ ထို့နောက် အိုင် စီ အက်စ် စာမေးပွဲအတွက် တနှစ်ခန့် ကြိုတင် ပြင်ဆင်ခဲ့သည်။ သို့သော် မျက်စိအထူးကု ဆရာဝန်၏ တားမြစ် ချက်အရ စာမေးပွဲ မဖြေဖြစ်တော့ချေ။ မျက်စိရောဂါ ပျောက်ကင်းပြီးနောက် ဥပဒေပညာကို ဆက်လက် ဆည်း ပူးရာ ၁၉ဝ၇ ခုနှစ်တွင် ဝတ်လုံစာမေးပွဲကို ဒုတိယတန်း ဂုဏ်ထူးဖြင့် အောင်သည်။ အောင်မြင်သူများ အနက် အဆင့်၉ဖြစ်သည်။ ထို့နောက်လန်ဒန်တွင် ဥပဒေပညာ သင်ကြားနေသည့် အိန္ဒိယနှင့်မြန်မာကျောင်း သားအချို့ကို ကျူတာအဖြစ် ဆောင်ရွက်သည်။ အင်္ဂလန်နိုင်ငံမှ စာနယ်ဇင်း များတွင် လည်း ဆောင်းပါး များ ရေးသားခဲ့သည်။ ၁၉ဝ၈ မှ ၁၉၁ဝ ပြည့်နှစ်အတွင်း လန်ဒန်မှနေ၍ ရန်ကုန်တွင် ထုတ်ဝေသည့် ရန်ဂွန်း တိုင်း မ်၊ သည်ဘားမား ကရစ်တစ်စ်တို့တွင် အပတ်စဉ် ဆောင်းပါးများ ရေးခဲ့သည်။ ၁၉၁ဝ ပြည့်နှစ်တွင် လန်ဒန် ဂရေးအင်းမှ ဘာရစ်စတာအက်လော ဝတ်လုံဘွဲ့နှင့် ကိန်းဘရစ် တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ ထပ်မံ ရရှိသည်။

၁၉၁ဝ ပြည့်နှစ်၊ ဇွန်လတွင် မြန်မာပြည် ဘုရင်ခံ ဆာအာသာဝှိုက်၏ မေတ္တာရပ်ခံ ချက်ကြောင့် မြန်မာပြည် သို့ ပြန်လာသည်။ ဘုရင်ခံ ပေးအပ်သော ဝန်ထောက်ရာထူးကို ငြင်းပယ်၍ ပြည်မြို့ အစိုးရ အထက် တန်း ကျောင်း ကျောင်းအုပ်ရာထူးကိုသာ လက်ခံ ရွေးချယ်ခဲ့သည်။ ထိုအချိန်က အစိုးရ အထက် တန်း ကျောင်းအုပ် ကြီးများ အထဲတွင် တဦးတည်းသော မြန်မာတိုင်းရင်းသား ဖြစ်သည်။ ဦးစံရွှေ၏ လက်ထက်တွင် ပြည် အစိုးရ အထက်တန်းကျောင်းသည် ကျောင်းသား နှစ်ဆခန့် တိုးပွားလာသည်။ ပညာ သင်ကြားရေးတွင် ကျောင်းစာ သာမက ခေတ်မီ အားကစားနည်း၊ စာကြည့်တိုက် အသုံးပြု နည်းနှင့် ကျောင်း မဂ္ဂဇင်း ထုတ်ဝေခြင်းတို့ကို စတင် မိတ်ဆက်ပေးခဲ့သည်။

၁၉၁၆ ခုနှစ်၊ သြဂုတ်လတွင် ပဲခူးတိုင်း ပညာဝန်၊ ၁၉၁၆ ခုနှစ်၊ နိုဝင်ဘာလတွင် ရခိုင် ပညာဝန်၊ ၁၉၁၇ ခုနှစ်တွင် ရခိုင် ပညာဝန် ရာထူးအပြင် စစ်တွေ အစိုးရ အထက်တန်းကျောင်း ကျောင်းအုပ်ကြီး တာဝန်ကိုပါ ပူးတွဲ တာဝန် ထမ်းဆောင်ခဲ့ရသည်။ ၁၉၂၁ ခုနှစ်တွင် မြန်မာပြည် ဘုရင်ခံ ကရက်ဒေါက်က အိန္ဒိယ ပညာ ရေး ပဋိညာဉ်ခံ ဝန်ထမ်းအဖြစ် တိုးမြှင့် ပေးခဲ့သော်လည်း လက်မခံခဲ့ချေ။ ပညာမင်းကြီး မတ်ဟန့် တားနှင့် ပြဿနာ ဖြစ်၍ အစိုးရဝန်ထမ်း ဘဝမှ နုတ်ထွက်ကာ ဝတ်လုံ ဦးဘဒွန်းနှင့် တွဲ၍ ရှေ့နေ အဖြစ် ဆောင်ရွက် ခဲ့သည်။

ပညာရေးဝန်ကြီး အမ်အေ ဦးမောင်ကြီး လက်ထက်တွင် အမျိုးသားကျောင်းများကို အစိုးရ အသိ အမှတ်ပြု ရေး အတွက် အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သည်။ ၁၉၂၂ ခုနှစ်၊ သြဂုတ်လတွင် ပဲခူးတိုင်း ပညာဝန် အ ဖြစ် ပြန်လည် ခန့်အပ်ခံရသည်။ ထို့နောက် မကွေးတိုင်း ၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းတို့တွင် ပညာဝန် အဖြစ် ဆက်လက် ဆောင်ရွက်သည်။ ပဲခူးတိုင်း ပညာဝန်အဖြစ် ဆောင်ရွက်စဉ် ၁၉၃၆ ခုနှစ်၊ အမျိုးသား တက္ကသိုလ် တွင် ပထဝီဘာသာကိုသင်ကြားပြသ၍ အစိုးရ၏ တားမြစ်ခြင်း ခံရသည်။ ၁၉၃၇ ခုနှစ်၊ သြဂုတ်လတွင် အငြိမ်း စား ယူခဲ့သည်။

အငြိမ်းစား ယူပြီးနောက် ၁၉၃၇-၄ဝ ခုနှစ်တွင် ရန်ကုန် မြူနီစီပယ် ပညာရေး အရာရှိအဖြစ် ဆောင်ရွက် သည်။ ရန်ကုန် မြူနီစီပယ်ကျောင်း ၁၁ ကျောင်းမှ ၇၉ ကျောင်း အထိ တိုးချဲ့ ဆောင်ရွက် နိုင်ခဲ့သည်။ မသင်မ နေရ ပညာရေးစီမံကိန်းကိုလည်း ပထမဆုံးရေးဆွဲတင်ပြခဲ့သည်။ သို့သော် ဒုတိယကမ္ဘာစစ် ဖြစ်ပွား လာ၍ အ ကောင်အထည် မဖော်နိုင်ခဲ့ချေ။ စစ်ကြီးအပြီး ၁၉၄၇ ခုနှစ်တွင် အမျိုးသား ကောလိပ် ပထဝီ ပါမောက္ခ၊ ဆက် လက်၍ ၁၉၄၈ မှ ၁၉၆၄ ခုနှစ်အထိ သက်ကြီးတက္ကသိုလ် ကျောင်းအုပ်နှင့်၊ ပထဝီနှင့် အင်္ဂလိပ်စာပေ ပါမောက္ခ အဖြစ် လည်း ဆောင်ရွက်ခဲ့ပါသည်။

ငယ်စဉ်ကပင် ဘောလုံး၊ ခရစ်ကက်၊ တင်းနစ် ကစားနည်းများကို ဝါသနာပါ၍ လိုက်စားခဲ့သည်။ ရန် ကုန် ကောလိပ် ဘောလုံးအသင်း ခေါင်းဆောင်၊ ကိန်းဘရစ် တက္ကသိုလ် ကောလိပ်ဘောလုံးနှင့် ခရစ်ကက် ကစား သမား အဖြစ်လည်း ကစားခဲ့သည်။ ပထမဇနီး ဒေစီဟန်နီဂန် ကွယ်လွန်ပြီးနောက် ဒေါ်စိန်လတ်နှင့် ထပ်မံ လက်ထပ်သည်။ ဒေါ်စိန်လတ်သည် သက်ကြီးတက္ကသိုလ် အုပ်ချုပ်ရေး ကော်မတီ ဘဏ္ဍာရေးမှူးနှင့် လက် ထောက် မော်ကွန်းထိန်း အဖြစ် ဆောင်ရွက်ခဲ့သည်။

ဦးစံရွှေသည် ပညာရေးဝန်ထမ်း တဦးအဖြစ် ၁၉၃၅ခုနှစ်တွင် တိုင်းရင်းသားနှင့် အသက်မွေး ဝမ်းကျောင်း ပြုပြင်စီမံမှု အဖွဲ့ဝင်၊ ၁၉၃၇ ခုနှစ်တွင် ပထမပြန် ပညာရေး ကော်မတီ အတွင်းရေးမှူး၊ ၁၉၄၆ ခုနှစ်တွင် ပညာရေး ပေါ်လစီ စုံစမ်းရေး ကော်မတီ အဖွဲ့ဝင်၊ ရန်ကုန် တက္ကသိုလ် ပြန်လည် တည်ဆောက်ရေး ကော်မ တီ အဖွဲ့ဝင် အဖြစ် ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော် အစိုးရ၏ ဝဏ္ဏကျော်ထင်ဘွဲ့ တံဆိပ် ချီးမြှင့်ခံရသည်။ မြို့မ ဦးဘလွင်နှင့် တွဲ၍ ပထဝီ ပညာရပ် ဝေါဟာရများကို မြန် မာပြန်ခဲ့ သည်။ မြန် မာဘာသာဖြင့် 'အင်္ဂလန် ပြည်ရှိ အမေရိကန်များ' စာအုပ်နှင့် အင်္ဂလိပ် စာနယ်ဇင်းများ တွင် ဆောင်းပါး များ ရေးသားခဲ့သည်။

ဘဝနိဂုံး
ဦးစံရွှေသည် ၁၉၇၂ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်တွင် ကွယ်လွန်ခဲ့သည်။

ကိုးကား
၁။ ၂၀၁၀၊ မတ်လမှာ UNITY စာပေမှ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေတဲ့ မောင်ဇေယျာ ရေးသားတဲ့ 'မြန်မာ လူကျော် ၁၀၀ (ပထမအုပ်)' စာအုပ်မှ
ရခိုင်ရိုးရာ ရထားဆွဲပွဲအစ

သက္ကရာဇ် (၈၇၈) ခုနှစ် မြောက်ဦးနန်းတက်စိုးစံ ဘုရင်မင်းဘာ လက်ထက်၌ မဟာပညာ ကျော်နှင့် ဦးမြ၀ါ (သျှင်ငယ်မြ၀ါ) ကဲ့သို့ ပညာရှိများနှင့် လောကီပညာရှင်များ ပေါ်ထွန်းခဲ့ ကြောင်း သိရသည်။ ဦးမြ၀ါ (သျှင်ငယ်မြ၀ါ) မှာ ဘုရင့်တိုင်းပြည်ရေးရာကို လောကီပညာဖြင့် ကူညီထမ်းဆောင်နေသူအဖြစ် ထင်ရှားသည်။ တစ်ခါသော် သျှင်ငယ်မြ၀ါသည် တိုင်းပြည်ရှေ့ရေးအတိတ်နိမိတ် မကောင်းခြင်းကို မြင်ရာ မင်းဘာဘုရင်ထံ သွားရောက်ပြီး ကြာသပတေးရက်သားရှင်တစ်ဦး၏ ရင်ကိုခွဲ၊ အူကို ထုတ်ကာ ၎င်းလဲကျကွယ်လွန်ရာနေရာတွင်သာ မြုပ်နှံရန် လျှောက်တင်သည်။ ထိုစဉ်လောကီ ပညာရှင်ဦးမြ၀ါမှာ ကြာသပတေးရက်သားဖြစ်ပြီး မိမိ၏ရင်ကိုခွဲကာ အူကိုထုတ်၍ နန်းတော်အား ပတ်စဉ် ယုတ်ညံ့သောအရပ်၌ လဲကျကွယ်လွန်ခဲ့ကြောင်း သိရသည်။ ထိုသို့ မျိုးချစ်တိုင်းပြည်ရတနာဖြစ်သူအား ဘုရင်က ယုတ်နိမ့်အရပ်တွင် မမြုပ်စေဘဲ မြင့်မြတ်အရပ်၌သာ မြုပ်နှံစေရာ ပြည်သူအပေါင်းနှင့် သဘောထားကွဲလွဲပြီး သျှင်ငယ်မြ၀ါ၏ ကြွင်းကျန်ရုပ်အလောင်းအား ပန်းရထားပေါ်တွင်တင်ပြီး ပြည်သူတစ်ဘက်၊ ဘုရင်ဖက်တော်သားတို့က တစ်ဘက်၊ သူ့ဘက်ကိုယ့်ဘက် အနိုင်ရရှိစေရန် အပြိုင်ဆွဲခဲ့ကြ ကြောင်း သမိုင်းအရ သိရှိရပါသည်။ ထိုအချိန်မှစတင်ကာ လောကီပညာရှင် သျှင်ငယ် ဦးမြ၀ါအား ဂုဏ်ပြုပြီး နှစ်စဉ်နှစ်တိုင်း တပို့တွဲလ ရောက်တိုင်း ရထားဆွဲပွဲ ကျင်းပကြခြင်းဖြစ်ပါသည်။
ကုံရာသီ တပို့တွဲ ရထားဆွဲ

တစ်နှစ်လုံး၏ ဆောင်းရာသီ တစ်လတည်း၌သာ ရထားဆွဲပွဲကို ကျင်းပသည်။ တောင်သူလယ်သမားများနှင့် ပြည်သူအပေါင်း စပါးရိတ်ပြီးချိန် ငွေရွှင်ချိန်နှင့် ရှေ့လာမည့်နှစ်တွင် ရာသီဥတုကောင်းမွန်စေရန်နှင့် စပါးဆန်ရေပေါများစေရန် ရည်ရွယ်၍လည်း တပို့တွဲလတွင် ရထားဆွဲကြကြောင်း စာဆိုသုတေသီအပေါင်းက ဆိုသည်။ မြောက်ဦးခေတ်က အစပျိုးကာ ဗြိတိသျှခေတ်နှင့် ဒုတိယကမ္ဘာစစ်နှောင်းပိုင်းတွင်လည်း စဉ်ဆက်မပြတ် ရထားဆွဲပွဲကို ရခိုင်ဒေသအသီးသီးတွင် ကျင်းပခဲ့ကြကြောင်း သိရသည်။ ယနေ့ အချိန်အခါတွင် နှစ်စဉ်နှစ်တိုင်း ရထားပွဲကို ကျင်းပသော်လည်း စစ်တွေမြို့တွင် လွန်ခဲ့သောနှစ်ပေါင်း (၄၀) ခန့်ကပင် ရထားဆွဲပွဲ မကျင်းပခဲ့ကြောင်း သိရပါသည်။ ရထားဆွဲရန် သစ်သားဘောင်ကို ခိုင်ခန့်အောင် လုပ်ပြီး သစ်သားဘီးများဖြင့် တွဲဆက်ကာ ရထားအလယ်၌ ၀ါးညွှန့်ပင်ကို စိုက်ထူကာ ရထားတစ်ဘက်တစ်ချက်၌ ကြိုးဖြင့် ဆွဲကြသည်။ ရပ်ကွက်အသီးသီးမှ တစ်ဘက်နှင့်တစ်ဘက် အပြိုင်ဆွဲ (သံကျိပ်) သံချပ်ထိုးကြ သည်။ ညီညွတ်စုပေါင်းခွန်အားနှင့် အားကစားစိတ်ဓာတ်၊ မိသားစုစိတ်ဓာတ်ကို အခြေခံကာ ယှဉ်ပြိုင်ကြသည်။

ရှေးနှစ်ပေါင်းများစွာကပင် ရထားဆွဲပွဲကို တပို့တွဲလဆန်းတွင် ဆွဲကြပြီး တပို့တွဲလပြည့်ည ရောက်တိုင်း ရထားကို အနိုင်ရသည့်ဘက်က မီးရှို့လေ့ရှိကြသည်။ ရခိုင်ရိုးရာ ရထားဆွပြွဲကို ကျင်းပသည့်ရပ်ကွက်သည် (၃) နှစ်ဆက်တိုက် ကျင်းပရသည့် ဓလေ့ရှိကြောင်း သိရသည်။ သို့ဖြစ်ပါ၍ ရခိုင်ရိုးရာအစဉ်အလာပွဲတော်တစ်ခုဖြစ်သည့် မပျောက်ကွယ်ရလေအောင် ထိန်းသိမ်းကြရပါမည်။ ၁၉၆၈ ခု၊ ပြည်ထောင်စုနေ့ပွဲတွင် ရခိုင်ပြည်နယ် ကိုယ်စားပြု ရထားပန်းယိုင်ယိမ်းကို ကျောက်ဖြူမြို့နယ်မှ တင်ဆက်ခဲ့ဖူးပြီး၊ ရေးစပ်သူမှာ ဆရာကြီး ဦးလုံး ဖြစ်ပါသည်။