မြောက်ဦး
ရခိုင်ပြည်နယ်
ရှေးရခိုင်မင်းဆက်၏ မြောက်ဦးခေတ်ကာလသည်
၁၄၃၀ မှ ၁၇၈၄ အထိ နှစ်ပေါင်း ၃၅၄နှစ်ရှည်ကြာခဲ့သည်။ ထိုကာလမှာ ရခိုင်
မင်းဆက်၏ ကြီးကျယ်ခမ်းနားပြီးဂုဏ်ရောင်ပြောင်သော ရွှေထီးဆောင်း
နောက်ဆုံးကာလဖြစ်ခဲ့၍ ယနေ့ထိ ရခိုင်လူမျိုးတိုင်းအတွက် ဂုဏ်ယူစရာကောင်းနေဆဲဖြစ်သည်။
မြောက်ဦးတွင် နေထိုင်ခဲ့ပြီး နန်းတော်အတွင်းဝင်ရောက်ခွင့်ရခဲ့ သော
ပေါ်တူဂီဘုန်းတော်ကြီးဖာသာမန်ရီကွိက မြောက်ဦးအကြောင်းကို
သူ၏(၁၇)ရာစုမှတ်တမ်းများတွင်အထူးရေးသားဖော်ပြခဲ့သည်။ အံ့ဘွယ် ကောင်းအောင်
ကြီးကျယ်ခမ်းနားသည့် ရွှေနန်းတော်များနှင့်
ရခိုင်လူမျိုးတို့၏လှပသောအိမ်များ အကြောင်းကို အသေးစိတ်ဖော်ပြခဲ့သည်။ သူက
အခန်းတွေကို စန္ဒကူးသားတို့လို မွှေးကြိုင်ရနံ့သင်းတဲ့ သစ်သားတွေနဲ့
ဆောက်လုပ်ခဲ့ကြတယ်။ ခန်းမဆောင်တွေမှာ ရွှေသားစစ်စစ်နဲ့လုပ်ထားတဲ့
အမွမ်းအမံတွေနဲ့ အလှဆင်ထားတဲ့ ခေါင်မိုးတွေရှိပြီးရွှေနဲ့ လုပ်ထားတဲ့
ရွှေဖရုံသီးတွေက စပိန်အလေးချိန်ပေါင်လေးဆယ်လောက်ရှိတယ်” ဟု ရေး သားခဲ့သည်။
“သိပ်ချမ်းသာတဲ့ လူတွေရဲ့အိမ်မှာရွှေသားစစ်စစ်နဲ့ ထုလုပ်ထားတဲ့
ရုပ်ထုခုနစ်ရုပ်ရှိပြီး အရွယ်အစားနဲ့ အမျိုးအစားက သာမန်
လူတစ်ယောက်ခန့်ရှိတယ်၊ အတွင်းမှာ အခေါင်းဖြစ်ပေမယ့် အထူ နှစ်လက်မ
လောက်ရှိတယ်၊ ရုပ်ထုတွေရဲ့ နဖူးရင်ဘတ်၊ လက်မောင်းနဲ့ လက်ကောက်ဝတ်တွေမှာ
အဖိုးတန်တဲ့ကျောက်မျက်ရတနာတွေ၊ ပတ္တမြား တွေ၊ ကျောက်စိမ်းတွေနဲ့
နီလာကျောက်တွေအပြင် သာမန်ထက် ကြီးမားတဲ့ ရှေးစိန်တွေနဲ့
တောက်ပစွာအလှဆင်ထားတယ်”။
ရှေးဟောင်းရတနာများအကြောင်းကိုလည်း
ရေးသားခဲ့ရာမှာ “ကျောက်မျက်ရတနာတွေက သာမန်နဲ့ မတူဘဲ ထူးကဲတဲ့အရွယ်အစားများ
ရှိကြောင်း ၊ ရွှေနဲ့ပြုလုပ်ထားတဲ့ ကြုတ်ထဲမှာ
ပြိုးပြိုးလက်တောက်ပလျက်ရှိကြောင်း၊ ရွှေခွက် ထဲမှာ
ပတ္တမြားနားဒေါင်းတစ်စုံရှိပြီး နောက်တစ်ခါမှာ သီရိသုဓမ္မဘုရင်က
သူ့ရဲ့ရာဇာဘိသိတ်ခံယူပွဲမှာ ၀တ်ဆင် ထားသည်ကို
မြင်တွေ့ခဲ့ရကြောင်း”ဖော်ပြထားပါသည်။ ပုံသဏ္ဍန်ကိုဖော်ပြရာတွင်
လေးမြှောင့်ပုံနှင့် ပိရမစ်သုံးထောင်ချွန်ပုံ ဖြစ်သည်။ အရှည်အားဖြင့် လက်
သန်းခန့်ရှိပြီး ဘေးပတ်လည်မှာ ကြက်ဥအောက်ခံအရွယ်ခန့် ရှိကြောင်း ဖော်
ပြထားသည်။ နန်းတက်ပွဲတွင် သီရိသုဓမ္မဘုရင်က အဆိုပါနားဒေါင်းကို
သူ၏နားပေါက်ကျယ်တွင် ဆင်မြန်းထားပြီး ဘုရင်၏ ရာဇပလ’င်မှာလည်း အဖိုးတန်
ကျောက်မျက်ရတနာများနှင့် ပုလဲများဖြင့် လှပစွာ မွမ်းမံထားသည်။
မြောက်ဦးမြို့တော်တွင် ကြီးကျယ်ခမ်းနားသော နန်းတော် ဆောင်များရှိခဲ့ပြီး
၎င်းတို့ကိုကျုံးများဖြင့် ၀န်းရံထား၍ ခိုင်ခံ့သော ခံတပ်ကြီးများ
သဖွယ်တည်ဆောက်ထားသည်။ ကျုံးအတွင်းရေများကို အချိန်တိုအတွင်း
ပြည့်သွားစေနိုင် သကဲ့သို့ ရွံ့များဖြင့်လည်းချဉ်းကပ်ဝင်ရန်
ကြိုးစားသောရန်သူများနှင့်ဆင်များကို တားဆီးကာကွယ်နိုင်သည်။ လယ်ယာ များသို့
ရေပေးသောစနစ်များကောင်းမွန်သဖြင့် ကောက်ပဲ သီးနှံများအတွက်
ကောင်းပြီးသာယာဝပြောခဲ့သည်။ ဒေသဆိုင်ရာ သမိုင်း ၀င်မှတ်တမ်းများအရ
ကြီးမားသောစပါးကျီကြီး ၄၁ ကျီ ရှိခဲ့ဖူးကြောင်း သိရှိ ရသည်။
ယခုအခါ
မြို့ရိုးများ၊ ကျုံးများနှင့်
နန်းတော်နေရာများ၏အစိတ်အပိုင်းအကြင်းအကျန်များကိုသာ မြင်တွေ့ နိုင်တော့သည်။
ကြီးကျယ်ခမ်းနားလှသော ဘုရားများ နှင့်တန်ဆောင်များသာလျှင်
မပျက်မစီးဘဲကျန်ရစ်သည်။တချို့သော ဘုရားများနှင့်တန်ဆောင်းများသည်
ဘာသာရေး၏အမှတ် သင်္ကေတများအဖြစ်သာမက ယဉ်ကျေးမှုအမွေအနှစ်ပြတိုက်များ အဖြစ်
တွေ့ မြင်နိုင်ဆဲပင်ဖြစ်သည်။
မြောက်ဦးမြို့တော်တွင်ရှိသော
ကြီးမားသည့်ဘုရားများနှင့် တန် ဆောင်းများသည် တခြားနေရာဒေသများမှ
ဗိသုကာလက်ရာများနှင့် လုံးဝ ကွဲပြားခြားနားသည်။
အဆိုပါသာသနိကအဆောက်အအုံများသည် ရှေးရခိုင်လူမျိုးတို့၏
ဘာသာတရားပေါ်ကိုင်းရှိုင်းမှုနှင့် ၄င်းတို့၏ ယဉ်ကျေးမှု
ကိုပြသနေခြင်းပင်ဖြစ်သည်။ ရှေးဟောင်းဘုရားတန်ဆောင်များကို
မပျောက်မပျက်ရလေအောင် ထိန်းသိမ်းစောင့်ရှောက်ထားပြီး နှစ်စဉ် ရိုးရာ
မပျက်ဘုရားပွဲများကို ကျင်းပကြတယ်။ ကြီးမားသော ကျောက်တုံးကြီး များကို
ထွင်းပြီးထုဆစ်ထားသည့် ဗုဒ္ဓဆင်းတုတော်ကြီးများ မြောက်များစွာရှိ သည်။
၎င်းတို့အနက် ဆွဲဆောင်မှု အကောင်းဆုံးမှာ အလယ်မှနက်ရှိုင်းသော
နေရာသို့သွားနိုင်သည့် စင်္ကြန်များပါရှိသော ကြီးမားသည့်သိမ်တော်ကြီးများ
ဖြစ်ကြသည်။
ထုကံ္ကန့်သိမ်(၁၅၁၇ ခုနစ်တွင် ဘုရင်မင်းပလောင် စတင်
တည်ဆောက်ခဲ့သည်) မြောက်ဦးမြို့၏ ရှေးဟောင်း သိမ်တော်ကြီးဖြစ်သည်။ ၄င်းသည်
ကြီးမားသောနံရံများ နှင့် ဂူကဲ့သို့သော အဆောက်အဦးဖြစ်သည်။ ရှည်လျားပြီး
ခွေရစ်နေသော စင်္ကြန်လမ်းများအတွင်းသွားလျှင် အတွင်းသို့ ရောက်ရှိသွားပြီး
ထိုနေရာများသည် မဲမှောင်နေရမည် ဖြစ်သော်လည်း၊ အတွင်းသို့
အလင်းရောင်ဖျဖျဝင်လာစေရန် ပြတင်းပေါက်များကို ဗိသုကာ ပညာ လက်ရာမြောက်စွာ
ဖောက်လုပ်ထားသည်။ အပေါ်အမြင့်ဆုံးနေရာတွင် ခေါင်းလောင်းပုံ
သဏ္ဍန်အမိုးခုံးရှိပြီး ၄င်းတွင်ကြီးမားသောအပေါက်ကြီး တစ်ခုရှိနေသဖြင့်
သိမ်၏အလယ်သို့ အလင်းရောင်ကောင်းစွာရရှိစေသည်။
စင်္ကြန်တလျှောက်ဘေးဘက်များတွင် ရခိုင်အမျိုးသမီးများ၏ဆံပင်ပုံစံ ၆၄မျိုးကို
နံရံပေါ်တွင်ထုဆစ်ထားရာ အဆင့်အတန်း အလိုက် ဘုရင်မမှ
သာမန်အရပ်သူအထိပါဝင်သည်။အောက်ဘက်တွင် ထုဆစ်ထားသော အရုပ်များမှာ
တည်ငြိမ်သောမျက်နှာ၊ ပြုံးနေသော မျက်နှာဖြင့် အရပ်သူ
အရပ်သားများ၏ပုံများဖြစ်ကြပြီး တစ်ပုံတွင်မူအရပ်သူ
တစ်ယောက်ကလေးငယ်တစ်ယောက်ကိုချီထားသည်။
၁၅၃၁ခုမှ ၁၅၅၃ ခုအထိ
စိုးစံခဲ့သော ဘုရင်မင်းဘဂီရိသို့မဟုတ် မင်းဘင်တည်ထားခဲ့သော ရှစ်သောင်း
ဘုရားများ ကိုလည်း တွေ့မြင် နိုင်သည်။ ဘုရား၏ဘွဲ့တော်ကို
ရှစ်သောင်းဟုပေးထားရခြင်းမှာ ဆင်း တုတော်ပေါင်း(၈၄၀၀၀)ရှိခြင်း
ကြောင့်ဖြစ်သည်။ မြင့်သောထောင့် တစ်နေရာတွင် ဘုရင်နှင့် သူ၏မိဘုရားများ၏
ပုံများကိုလည်းထွင်းထားပြီး နန်းဝတ်နန်းစားများဖြင့်ဖြစ်သည်။
အမျိုးသမီးများဝတ်ဆင်သော ထမီ လုံချည်များ ကိုလည်း ပုံစံအမျိုး
မျိုးနှင့်မြင်တွေ့ နိုင်ပြီး ၄င်းတို့ကိုအနက် ရခိုင်ရိုးရာဆင်ဖြစ်သော
“အချိတ်ဆင်” ကိုလည်းမြင်တွေ့နိုင်သည်။ ဘုရင်နှင့် မိဘုရားများကို
နန်းတွင်းသူနန်းတွင်းသားများက ဒူးထောက်ခစား နေကြသည့်ပုံများ ဖြစ် သည်။
ကြီးမားလှသောတန်ဆောင်များ၏ အတွင်းနံရံများတွင် မြတ်စွာဘုရား၏
ဇာတ်တော်များမှာ ပုံများကိုသာမက သာမန်လူများ၏ နေ့စဉ်ဘ၀များကို
ရုပ်လုံးကြပုံဖော်ထားသည်ကို မြင်တွေ့နိုင်သည်။ အဆိုပါပုံများသည်
ကခုန်လျက်ဖြစ်စေ တူရိယာများကိုတီးမှုတ်လျက်ဖြစ်စေပုံဖော်ထားသည်။
အတွင်းခန်းတစ်ခုတွင် စစ်ရေးလေ့ကျင့်နေပုံများ ကိုရုပ်လုံးကြွ ထုဆစ်ထားရာ
စစ်သည်တော်များသာမကဆင်များကိုပါ မြင်တွေ့နိုင်သည်။ တချို.တွင်
စစ်သည်တော်များကိုယ်ခံပညာလေ့ ကျင့်နေသကဲ့သို့ တစ်ချို့ပုံများတွင်ဓားရေး၊
လှံရေးလေ့ကျင့်နေသည်ကိုမြင်နိုင်သည်။ တစ်နေရာတွင် “ကျင်” နပန်းသတ်
နေသည့်ပုံကိုတွေ့ နိုင်ပြီး ၄င်းမှာ ရခိုင်လူမျိုးတို့
ယနေ့တိုင်လူကြိုက်များနေဆဲအား ကစားတစ်ခုဖြစ်သည်။ တန်ဆောင်းကြီး အတွင်းမှ
ခန်းမဆောင်များထဲတွင် နံရံရုပ်လုံးကြပုံပေါင်း(၁၀၀၀)ကျော်ရှိနေသည်။
အ၀င်ဝအနီးတွင်ဒေါက်ချာ ဆောင်း ထားသော မျက်နှာသုန်မှုန်နေသည့်
ရသေ့ကြီးတစ်ပါး၏နံရံရုပ်လုံးကြရောင်စုံပုံရှိသည်။ ရသေ့ကြီး၏လက်တစ်ဘက်တွင်
တောင်ဝှေး ကိုင်ထားပြီး ကျန်လက်တစ်ဘက်တွင် အောင်မြင်မှုအတွက် မင်္ဂလာရှိသော
အရွက်များကိုင်ထားသည်။ ရသေ့ကြီး၏အမည်မှာ ဦးမရ၀ဖြစ်ပြီး ဤတန်
ဆောင်းကြီးကိုဆောက်လုပ်ရန် ဘုရင်ကိုအကြံပေးခဲ့သူဖြစ်သည်။
ဘုရင်မင်းဘဂီရိက အာနန္ဒစန္ဒာရ ကဗ္ဗည်းကျောက်စာကို မြို့တော် ဟောင်း
ဝေသာလီမှယူဆောင်လာခဲ့ပြီး တန်ဆောင်း၏လှေကားတွင် စိုက်ထူ ထားခဲ့သည်။
သားတော်ဖြစ်သူဘုရင်ဒီဂရာ(မင်းသိက္ခ)ကထီးမွေနန်းမွေကို ဆက်ခံ သည့်အခါ
သူ့အနေနဲ့ အသက်ခြောက်လသာရှင်မည်ဖြစ်ကြောင်း၊ အသက်ရှည်လိုပါက
အတိတ်နမိတ်ကောင်းသော ကိုးဂဏန်းပါသည့် ဘုရား
တစ်ဆူတည်ရမည်ဖြစ်ကြောင်းဗေဒင်ဆရာများက ဟောပြောခဲ့ကြသည်။ ဘုရားတည်သည့်အခါ
ကိုးသောင်းဟူသောဘွဲ့ပေးခဲ့သည်။ ဖခမည်းတော် ကရှစ်သောင်းဟူသောဘွဲ့ဖြင့်ဘုရား
တည်ခဲ့သည်ကို သာလွန်စေရန် ကိုးသောင်းဟုဘွဲ့ပေးခဲ့သည်ဟု
လူအများကထင်မှတ်ခဲ့ကြသည်။ အဖေ ထက်သားတစ်နှစ်ကြီးပြီးမိဘ အပေါ်အရိုအသေ
မပေးခဲ့ခြင်းကြောင့် ကံကြမ္မာဆိုးနှင့် ကြုံခဲ့ရသည်ဟု
လူအများကယုံကြည်နေကြဆဲဖြစ်သည်။ သက်တမ်းခြောက်လထက် ပိုပြီး
သုံးနှစ်အထိဆက်အသက်ရှင်ခဲ့သော် လည်း ဘုရားမပြီးခင်လုပ်ကြံသတ်ဖြတ်ခံရပြီး
နတ်ရွာစံခဲ့ရသည်။
ဒုတိယကမ္ဘာစစ်အတွင်း
ဗုံးတစ်လုံးတိုက်ရိုက်ထိမှန်ခြင်းခံခဲ့ရသည်။ ကိုးသောင်းဘုရားမှာ
မကြာသေးခင်ကမှ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ရာ၊
ခြုံနွယ်ပိတ်ပေါင်းများဖုံးအုပ်နေသော မြေပုံကြီးအောက်မှ ပြန်လည်တူးဖော်
ရရှိခဲ့ခြင်း ဖြစ်သည်။ အမိုးမှအုတ်ကြပ်များသည် တည်ဆောက်စဉ်က ပန်းရံ
ဆရာများပုံထားသည့်အတိုင်း ရှိနေဆဲပင်၊ ဘာသာတရား ကို ရိုသေကိုင်းရှိုင်းပြီး
မိဘအပေါ်သားသမီးတို့က အစဉ်အလာအရအလေးအမြတ်ထားကြသည့် လူအများအဖို့
ကိုးသောင်းဘုရားမှာ ထင်ရှားခြင်းမရှိလှပေ။ မြောက်ဦးရှိခန်းမဆောင်ကဲ့သို့သော
ဘုရားတန်ဆောင်း များတွင် ထူထဲသော နံရံများရှိကြပြီး ခံတပ်များနှင့်တူသည်။
နှစ်ပေါင်း များစွာ ရင်ဆိုင်လာခဲ့သော စစ်ပွဲများအတွင်၎င်းတို့ကိုခံတပ်များ
သဖွယ် အသုံးချခဲ့ဖွယ်ရှိသည်ဟု တချို့ သမိုင်းပညာရှင်များက
ယုံကြည်ကြသည်။မည်သို့ပင်ဖြစ်စေ ရန်သူတပ်များ သို့မဟုတ် မုန်တိုင်းများ၏
ဘေးရန်မှ လွတ်ကင်းရန်အတွက် လူအများကို ခိုလှုံမှုပေးမည်ဖြစ်သည်။ မြောက်ဦး
အပြင်မြို့ဟောင်း ဟူသော တခြားအမည်လည်း ရှိသေးသည်။ အတိတ်ကာလတွင်
ကျော်ဇောဂုဏ်ရောင်ထွန်းပြောင် ခဲ့သော်ငြားလည်း သမိုင်း၏ဂုဏ်ယူဖွယ်ကောင်းသော
အခန်းကဏ္ဍမှာ မည်သည့် အခါမှ မှေးမှိန်သွားမည်မဟုတ်ပေ။
(Mrauk Oo By Ma Thanegi ဘာသာပြန်ဆိုပါသည်။)
No comments:
Post a Comment