ထုက္ကန့်သိမ် ( ခရီသွား ဓါတ်ပုံဆောင်းပါး)
ထုက္ကန့်သိမ်တော်ကြီး ဟာ
ရခိုင်ပြည်နယ် မြောက်ဦး မြို့မှာတည်ရှိပါတယ်။ ရခိုင်ဘုရင် မင်းဖလောင်း က
AD 1571 မှာ ခရုပတ်ပုံတည်ခဲ့ပါတယ်။ သိမ်တော်ကြီးကို
တောင်ကမူပေါ်မှာတည်ထား လို့ တစ်ခုတည်းသောဝင်ပေါက် ဆီကို အုတ်လှေကား အရှည်ကြီးကနေ တက်ရပါတယ်။သိမ်တော်ကြီးမှာ တောင် မြောက် ၁၁၀ ပေ
အရှေ့ နောက် ၁၃၇ ပေရှည်ပါတယ်။ အလယ်စေတီမှာ ပုံမှာမြင်ရတဲ့အတိုင်း
သပိတ်မှောက်ပေါ်မှာ ကုဗပုံဓါတ်တော်တိုက် ဆင့်ထားပါတယ်။ အလယ်စေတီကြီးရဲ့
အရပ်လေးမျက်နှာမှာ စေတီတစ်ဆူစီရံထားပါတယ်။ သိမ်ရဲ့အနောက်ဖက်မှာတော့
ဥပုဒ်ဆောင် ဆောက်ထားပြီး အဲဒီကမှတဆင့် သိမ်အမိုးပေါ်ကိုတက်လို့ရပါတယ်။
ပင်မသိမ် မှာခရုပတ် လို ရစ်ပြီးတက်ရတဲ့ လမ်းနှစ်ခုရှိပါတယ် ၊ အဲ့ဒိ
ပတ်လမ်းနံရံ တလျှောက်မှာတော့ ဂူကျောင်းငယ် ၁၄၆ကျောင်း ရှိပြီး ဗုဒ္ဓဆင်းတု
ုတော်များစံပယ်နေကြပါတယ်။ နံရံများမှာတော့ မြောက်ဦး အမျိုးသမီးများ
ဝတ်စားဆင်ယင်ပုံ ၊ ဆံထုံး ထုံးပုံ ၊ တခြားလက်ရာမြောက်တဲ့ မြောက်ဦး
ကျောက်ထု
ပန်းပုများကို တွေ့ရှိနိုင်ပါတယ်။
ရခိုင်ပြည်နယ်တွင် ဓည၀တီခေတ် ၊ ဝေသာလီခေတ် ၊ လေးမြို့ခေတ် ၊ မြောက်ဦးခေတ် ဆိုပြီး ခေတ် ကြီးလေးခေတ် ကို
မင်းပေါင်း၂၃၂ မင်းမှ နှစ်ပေါင်း ၅၀၈၄ နှစ်
နန်းစိုက်ခဲ့ကြပါတယ်။ကြီးကြယ်ခမ်းနားတဲ့ နန်းတော်ကြီးများ ၊
ကျောက်လှေကားနှင့်ပြုလုပ်ထားတဲ့ သင်္ဘောဆိပ်ကြီး ရှိခဲ့ပါတယ်( ယခုအထိတိုင်
အကျွင်းအကျန်များကို မြင်တွေနိုင်ပါသေးတယ်) တစ်နှစ်အတွင်း နိုင်ငံခြား
ပင်လယ်ကူးသင်္ဘောကြီးများ ရာချီဆိုက်ကပ်ခဲ့ကြပါတယ်။
အာရပ် ၊ အန္ဒိယ ၊ ပေါ်တူကီ ၊ဒပ်ခ်ျ၊တရုပ်လူမျိုးများဝင်တွက်ကူးသန်းရောင်းဝယ်ခဲ့ကြတယ်။
အဲဒိအချိန်တုန်းကဘင်္ဂလားပင်လယ်အော်မှာကြီးစိုးနေတဲ့ ပေါ်တူဂီပင်လယ်ဒမြ
ရေတပ်ကြီးကို အင်္ဂလိပ်ရေတပ် မခြေမှုန်းနိုင်ခဲ့ပေမဲ့ ရခိုင်ဘုရင် မင်းဗာကြီး က
AD1535ခုနှစ်တွင်ရခိုင်ရေတပ်မတော်ကြီးမှအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တယ်။
အောင်မြင်တဲ့အထိမ်းအမှတ်
အနေနဲ့သျှစ်သောင်းပုထိုးတော်ကြီးကိုတယ်ခဲ့ပါတယ်။ရခိုင်ဘုရင်မင်းရဲ့
ရေတပ်မတော်ကြီးဟာသီရိလင်္ကာ နိုင်ငံ ဆီ သို့ချစ်ကြည်ရေး ထွက်ခဲ့ပါတယ်။ အဲဒိ
အချိန်တုန်းက ရခိုင်ဘုရင်များက သက်တော်စောင့် အဖြစ် ဂျပန် ဆာမူရိုင်း
ကြေးစား ဓါးသမားများကို
ငှါးရမ်းလေ့ရှိကြပါတယ်။ ယခုအခါမှာတော့ ရခိုင်ပြည်ကြီး ဟာ ရခိုင်ပြည်နယ် အဖြစ် ပြည်ထောင်စု သမတနိုင်ငံတော်အတွင်းမှာ ရပ်တည်နေပါတယ်။
ဒီပုံကို NIKON 70 CAMERA , KODAK 200 ASA FILM , NIKON 300 mm TELE ZOOM LENS ကိုအသုံးပြုပြီး သိမ်တော်ကြီးနဲ့
မျက်နှာချင်းဆိုင် တောင်ကုန်းပေါ်ကနေ 2002 January ကရိုက်ခဲ့ပါတယ်။
“ခရီးများများသွားပါ မသွားနိုင်ရင် စာများများ ဖတ်ပါ”
မောင်မောင်လတ်(ချစ်ညို)
ကိုးကား = ဧည့်လမ်းညွှန်နှင့်ဝန်ဆောင်မှု အတတ်ပညာ (တင်သန်းယု) ၊ ရခိုင်သုတပဒေသာ။
By: မန္တလေးဓါတ်ပုံအသင်း
No comments:
Post a Comment